Tuesday, October 16, 2012 | By: Nwae Oo May

”♪ ကာရံမဲ့သော ဘ၀ကဗျာ♫”

ဆုံခဲ့ရသော.. ဟေမာန်ဦး…
ရူးမတတ်.. ပျော်ရွှင်ခဲ့ဖူးတာလည်း...
တစ်ဘ၀စာ ကျေနပ်နိုင်ပါတယ်မောင်!

အတူ လျှောက်ဖူးသော လမ်း…
ဖြတ်သန်းခဲ့သော.. 'ဆောင်း' ပေါင်းများစွာ...
မ, အပါးမှာ.. မောင်ရှိနေခဲ့ပါတယ်...

ရိုင်းတဲ့ ကြမ္မာ.. မြင်သာနိုင်ခဲ့ရင်တော့...
တစ်စုံတစ်ရာ ပြင်ဆင်ချိန်.. ရလေမလား…
ဒါလည်း.. ၀ိုးတ၀ါးပါမောင်...!

ဒီဆောင်းအ၀င်.. နှင်းဝေစဉ် မတော့...
မ, တစ်ယောက်ထဲ...
လျှောက်မြဲလမ်းမှာ .. စမ်းတ၀ါးနဲ့…
ရူးမတတ်ဖြစ်.. လွမ်းနွံနစ်လည်း...
သခင် ကယ်ပါ.. မခေါ်သာဘူး...
ကျမျက်ရည်တွေ.. ပင်လယ်ဝေလည်း...
ဘ၀ခြားနေ... မဖြေသာဘူး ... ကြင်နာသူက... ရူးလုပြီ ....။
(သခင် ရောက်ရာဘ၀.. ချမ်းမြေ့ပါစေ..)

ထာဝရ... "နွေဦးမေ" 

0 comments:

Post a Comment

ကဗျာလေးတွေဖတ်ပြီးဝေဖန်ပေးဖို့တောင်းဆိုပါတယ်။
ဝါသနာအရသာရေးဖြစ်တာပါ။တတ်လွန်းလို့မဟုတ်ပါဘူး။