Tuesday, October 23, 2012 | By: Nwae Oo May

★ "အဖြူရောင် သံယောဇဉ်"♪♫

အဖြူရောင် သံယောဇဉ်လေးရေ...
ဒီမြေကမ္ဘာရဲ့…  တစ်နေရာမှာ ...
မင်းရှိနေတယ်ဆိုတဲ့…  အသိအတွေးနဲ့တင်...
ငါလေ.. တိတ်တိတ်ကလေး ... ပျော်ရွှင်နေနိုင်ခဲ့ပါတယ်….။

စမ်းလသော်တာ…  ရွှန်းလဲ့ဖြာလက် …
အအိပ်ခက်ည…  ဆုံဆည်းရစဉ်... တွယ်ငြိခဲ့သော…  
သံယောဇဉ် အဖြူရောင် …  ကမ္ဘာတည်အောင် ...
ရှည်လိမ္မယ်လည်း … ငါ မမျှော်လင့်ရဲခဲ့ရိုး အမှန်ပါ….။

တစ်နေ့ တစ်ရက် … အမေ့ခက်လို့…
ဆုံရက်တွေလဲ... ဆက်ခဲ့တယ်…
အမှတ်မထင်…  ဆုံစဉ်ခဏ ...
ထင်ကျန်ရသော…  သံယောဇဉ်.....
ဖြတ်ရန်ပင်….  ခက်လှချည်ရဲ့…
ဒီထိ ငြိမယ်… မမျှော်မှန်းလဲ ….
ရော်ရမ်းလို့တော့ လွမ်းတတ်ပြီ....။

တစ်ပေါက်ချင်း... စုသည့်   ရေ …းမေ
ပေါင်းဆုံဖွဲ့ဆင်း… မြစ်တစ်စင်းရဲ့ သံစဉ်…
ရင်ခွင်မှာ ပွေ့... ပျော်ပိုက်မွေ့လျော်…
တို့နေပျော်တယ် … အဖြူရောင်လွှမ်း….
အလွမ်းဝေသော သံယောဇဉ် ….။
 "နွေဦးမေ"

2 comments:

မင်းညို said...

ကိုပေါက်(Ko Pauk)လာအားပေးသွားပါတယ်...
ကဗျာလေး က ကောင်းပေမယ့်လို့ 
အကြံပေးချင်တာက တော့ အဖြူခံမှာ အစိမ်းရောင်နဲ့ ရေးထားလို့ 
တော်တော်လေးကို အာရုံစိုက်ဖတ်လိုက်ရတယ်...
(ကိုပေါက် မျက်လုံးမကောင်းတာလဲ ပါမှာပါ)
ရှင်းရှင်းလေးနဲ့ မြင်သာအောင် ရေးဖို့ အကြုံပြုလိုပါတယ်...
ကျေးဇူးတင်ပါတယ်
ပျော်ရွှင်ပါစေဗျာ...

မင်းညို said...

Ko Pauk (ကိုပေါက်)လာပြီးအားပေးသွားပါတယ်။
ဒီကဗျာ ကိုတော့ ဖြင့် အာရုံစူးစိုက်ပြီး
တော်တော်လေး ဖတ်လိုက်ရပါကြောင်းးးး
အားပေးနေပါတယ်...
ကျေးဇူးတင်ပါတယ်...
ပျော်ရွှင်ပါစေဗျာ။

Post a Comment

ကဗျာလေးတွေဖတ်ပြီးဝေဖန်ပေးဖို့တောင်းဆိုပါတယ်။
ဝါသနာအရသာရေးဖြစ်တာပါ။တတ်လွန်းလို့မဟုတ်ပါဘူး။