Wednesday, November 7, 2012 | By: Nwae Oo May

★"မုသားသစ္စာ"♪♫

တစ်လောကလုံးမှာ….
ဘယ်သူဘယ်ဝါ…. ဘယ်လောက်ပဲ… ရိုင်းပါစေ….
ကိုယ်..  မပါဘူး နော်....။

မှန်လို နေဖို့… ကြိုးစားချင်ခဲ့လည်း…
ဒီမှန် တစ်ချပ် ရှေ့…  ရောက်တဲ့အခါ... ပြုံးနေလှည့်ပါဦး….
ဘာကြောင့်လဲ ဆို....
ဒီမှန် တစ်ချပ် ကိုယ်တိုင်ကိုက... အပြုံးတွေပဲ ဆောင်တတ်လို့ပါ...။
စတင် ဆုံစဉ်.. ကာလ ကထဲက...
ရင်မှ… အရင်းအချာလေးလို... စိတ်ထဲ ထားတယ်....
မှန်လို ကျင့်ရင်း.. စိမ်းရောင် ပြမဲ့...
လူတွေ စာရင်းထဲ...ကိုယ် မပါပါရစေနဲ့ကွယ်....။

မုသားတွေကို ဆင်မြန်းပြီး...
ပျော်ပါးနေတဲ့ သူတွေထဲမှာ... ဒီလူ မပါဘူး .. မင်း ယုံပါ....
သံသရာ တစ်ဝက် တစ်ပျက်မှာ... ဆုံဆည်းခွင့် ရခဲ့တာ... ဖြစ်ပေမဲ့..
သံသရာ.. တစ်ဖက်တစ်ချက်အထိ...
တွယ်ငင်မဲ့.. သံယောဇဉ်မျိုး... ဒီရင်မှာ ပျိုးခဲ့ပါတယ်...။

မေတ္တာတရား မှာ...
အလျား အနံ မရှိတာ မှန်ပေမဲ့....
အသွား အပြန် ရှိထားတတ်တာ.... ထာဝရ သစ္စာပါ......
"ဆောင်းသစ္စာ" ဆိုတဲ့.. ကလောင်သွား တစ်ခုနဲ့..
ဘ၀ တစ်ခု...  ရှင်သန် ထမြောက်လာခဲ့ သူ...
လူသား တစ်ယောက်.....
ဒီ လောကထဲမှာ.. ရှိနေတယ်.....။

ယုံချင် ယုံ ... မယုံချင်နေ...
ပုံပြင်မှတ်လဲ.. တတ်နိုင်ပါဘူး...
ဘ၀ ဥပေက္ခာ မြားဦးတို့ရဲ့.. ဒဏ်ကို.. အတိုင်း အဆ မဲ့ ..
ခံစားခဲ့ဖူးသော .... နှလုံးသား တစ်ခုဟာ...
မုသားသစ္စာ ကို.... သုံးခဲ့တယ် ဆိုရင်တောင်...
တစ်ဖက်သား နာဖျား ဖို့....  ရည်ရွယ်တာ မဟုတ်ဘူး.. ဆိုတာ...
နူးညံ့တဲ့ "ကဗျာ မြစ်ရှင်" တို့... ခံစားတတ်မယ် မျှော်လင့်ပါရစေ.....။

ဘ၀သေအောင်.. ခံစားခဲ့ဖူးတဲ့..
ကြမ္မာရိုင်းရဲ့.. စေညွှန်ရာ.. ကြေးကျွန်တစ်ယောက်မှာ....
အပျော်ဆိုတာ.. မရှိလောက်တော့သလို...
အခါလွန်… နှလုံးသား ပိုင်ရှင်တစ်ယောက်မှာ....
အတ္တအခြေခံ ချစ်ခြင်းတို့လည်း...
ကိုယ့်အတွက်ရယ်လို့... ဖြစ်ထွန်းစရာ အကြောင်း... မရှိလှတော့တာ.....
မင်းလေး မြင်မလား မျှော်လင့်ပါတယ်....။

ကျီးအာသီးကလေး... သိပ်လှနေပေးတာ....
အတွင်း ခံစားချက် ပုပ်သိုးနေလို့ပါ.....
အပြင်ကမ္ဘာ ခံစားချက် သိပ်ပျော်နေပေးခြင်းမှာ ....
အတွင်းရင်လွှာ.. ကြေမွနေတာ... အခြား လူ မမြင်ပါစေနဲ့... ရည်ရွယ်ရင်းပါ ...
ရင်ဘတ်ချင်း တူရင်... နားလည်နိုင်မယ်... မျှော်လင့်ပါတယ်….။

ဝေဒနာ ဆိုတာ.. ငိုချနေမှ… ဖြေသာတာ.. မဟုတ်ဘူး…
ကိုယ် ရူးရသလို.. ထပ်တူ.... အခြားသူတွေ...
မပဋာ..  မြေမှာ လူးကိန်း မကြုံကြရပါစေနဲ့.. ဆိုတဲ့...
စာနာ စေတနာ.... ရင်ထဲထားတယ်.....
ချစ်တတ်သူများ…  ပျော်ကြပါစေ.......။

ထာဝရ.. "နွေဦးမေ"

2 comments:

Nwae Oo May said...

စတင် ဆုံစဉ်.. ကာလ ကထဲက...
ရင်မှ… အရင်းအချာလေးလို... စိတ်ထဲ ထားတယ်....
မှန်လို ကျင့်ရင်း.. စိမ်းရောင် ပြမဲ့...
လူတွေ စာရင်းထဲ...ကိုယ် မပါပါရစေနဲ့ကွယ်..

စံပယ်ချို said...

နွေဦးရေ အစအဆုံးထိအောင်စာသားလေးတွေကောင်းတယ်
မုသားတွေကို ဆင်မြန်းပြီး...
ပျော်ပါးနေတဲ့ သူတွေထဲမှာ... ဒီလူ မပါဘူး .. မင်း ယုံပါ....
သံသရာ တစ်ဝက် တစ်ပျက်မှာ... ဆုံဆည်းခွင့် ရခဲ့တာ... ဖြစ်ပေမဲ့..
သံသရာ.. တစ်ဖက်တစ်ချက်အထိ...
တွယ်ငင်မဲ့.. သံယောဇဉ်မျိုး... ဒီရင်မှာ ပျိုးခဲ့ပါတယ်...။
..........................
ခင်တဲ့ sis jas

Post a Comment

ကဗျာလေးတွေဖတ်ပြီးဝေဖန်ပေးဖို့တောင်းဆိုပါတယ်။
ဝါသနာအရသာရေးဖြစ်တာပါ။တတ်လွန်းလို့မဟုတ်ပါဘူး။