Wednesday, November 7, 2012 | By: Nwae Oo May

★" နှလုံးသား အမြုတေ"♪♫

ကြယ်မစုံ ... လမထွက်ပေမဲ့..…
လင်းလက်နေခဲ့တဲ့… ညတစ်ညမှာ…
တိုးတိတ်တဲ့... ရင်ခုန်သံ တစ်စုံက …
ငါ့ရင်တွင်းကို... ချွတ်နင်းလို့... ၀င်ရောက်လာခဲ့တယ်…...။

ဒီ ရင်ခုန်ခြင်း …. သံဇဉ်တစ်ဖွဲ့ကို…..
ငါ့တစ်ယောက်ထဲ… ကြားနိုင်ခဲ့ပေမဲ့….
ခိုင်မာတဲ့… ယုံကြည်ခြင်းနဲ့ အတူ …
ငါ့ နှလုံးသားရဲ့… တွယ်ငြိမှု ”အမြုတေ” ဟာ…
ကျောက်သားစိုင်ထက်... ခိုင်မာခဲ့ပြီဆိုတာ…
သခင့်ညီလေး .… နားလည်တတ်ခဲ့ပါပြီ…...။

အချိန်တွေတိုင်း .. နေရာတိုင်းမှာ..
နာရီ စက္ကန့်နဲ့ အမျှ… ဖွေရှာရင်း မောခဲ့ရတာကို ….
ရှောင်ပုန်းနေတဲ့ “အမြုတေ” …
ကွယ်ရာမှာ ... ဂရုဏာသက်နေခဲ့တာကိုလည်း ..
သခင့် ညီလေး ... သိခဲ့ရပါပြီ…....။

ကမာကောင်ရဲ့… အမြုတေဟာ.. “ပုလဲ”တဲ့လေ .....
ပုလဲ တစ်လုံး ဖြစ်ဘို့အတွက် …
ကမာတစ်ကောင် ဘယ်လောက် ငိုခဲ့ရသလဲဆိုတာ…
အဲ့ဒီ… ပုလဲလုံးကလေးက လွဲလို့.…. ဘယ်သူ သိနိုင်မှာတဲ့လဲ….?
အကြင်နာသခင် ... ပြန်လာလိမ့်နိုးနဲ့ ….
ယုံကြည်ကိုးစားစွာ … ငိုခဲ့ရတဲ့…
ငါ့ ရင်တွင်းက… မျှော်လင့်ခြင်း မျက်ရည်တွေကိုရော…
ငါ့နှလုံးသားရဲ့.. “အမြုတေ”က လွဲလို့…..
ဘယ်သူကများ…. နားလည်ပေးနိုင်ဦးမှာတဲ့လဲ…....။

ညီလေးရဲ့… သံယောဇဉ် “အမြုတေ”…
လွမ်းရစ်စေခဲ့တဲ့.. ပြစ်ဒဏ်တွေ .. ပေးချေဖို့အတွက်….
သမုဒယ ပန်းတစ်ခင်း …. အကြင်နာ လေညင်း ….
လွမ်းချင်း .. ကဗျာ…. သံစဉ်တို့နဲ့ အတူ….
သခင် ထွန်းညှိမဲ့…. ချစ်ခင်ခြင်း အလင်းတိုင်..
သခင် ကိုယ်တိုင်... ကိုင်ဆောင်လို့..…
လရောင်ဆမ်းတဲ့ ... ဟင်းလင်းပွင့်တံခါးမှ တစ်ဆင့်…
ညီ့နှလုံးသားရဲ့... နန်းရင်ပြင်အတွင်း…..
မင်းမူ စေစား… တစ်ထောက်နားလို့ ..
“အမြုတေ” သခင် ……
အသင် လိုရာ ….. စေလှည့်ပါတော့….။

ထာဝရ... “နွေဦးမေ”
Friday, November 2, 2012 | By: Nwae Oo May

နှင်းဆီအလင်းကိုချဉ်းကပ်မယ်



Friends18.com Orkut Scraps
Friends18.com Water Effect Scraps
နှင်းဆီရေ... မင်း အလင်းတစ်စက်မှာ ငါ့ အသက်ရှူသံတွေမြှုပ်နှံထားတယ် ။

★"ပင်လယ် မမှားပါ"♪♫

ပင်လယ်ရေ..
နင် မဟုတ်ဘူး… ငါ့ဘက်က မှားတာပါ…
အပြောကျယ်သလောက်.. မာယာများလှပေမဲ့..
ငါ နင့်ကို သိပ်ချစ်သွားခဲ့ပါတယ် ပင်လယ်ရယ်…။

မသောက်လိုက်ရဘဲ… မှောက်ကျသွားခဲ့တဲ့.. ကော်ဖီခါးခါးတစ်ခွက်….
အရောင်ပျက်ပြယ် နွမ်းဖျော့နေခဲ့တဲ့… သားရေ ခါးပတ်ဟောင်းကလေးတစ်ချောင်း….
တစ်ထောင်းထောင်းထအောင်.. ဖွာရှိုက်နေခဲ့တဲ့… စီးကရက် မီးခိုးငွေ့တွေ အကြား…
နင် ထားသွားခဲ့တဲ့.. အချိန်က စ…  ကျောက်ဖြစ်သွားတဲ့ နှလုံးသားတစ်ခု…
သိပ်ချစ်တတ်ခဲ့မိတာ….  နင် မုန်းစရာ ကောင်းသွားမှန်း…
ငါ သိထားခဲ့တာလည်း… သိပ်မကြာသေးဘူး.. ပင်လယ်ရယ်…။

Laptop လေး နံဘေး… အမှတ်တရ ထားဖြစ်ခဲ့တဲ့ …
Memory stick ဖြူဖြူကလေးက… မချိပြုံးလေး… ပြုံးပြနေခဲ့တယ်….
“ဒီကောင်မလေး အတွက်” ဆိုတဲ့…. မြန်မာ Flash song တစ်ပုဒ်က…
အိမ်မက် ပျောက်.. ညတွေကို… ခြွေချနေခဲ့တယ်....
ငါ မငိုပါဘူး.. ပင်လယ်ရေ…..
ပါးပြင်ပေါ် ပေနေတဲ့.. .. မျက်ရည်စ တစ်ချို့က..
သူ့ အလိုလို ကျလာခိုက်… သုတ်ဖယ်ချိန် မရလိုက်တာပါ… ပင်လယ်ရယ်….။

ရေပြာပြာ လှိုင်းကြမ်းကြမ်းတွေလို.. အနားကပ်လာတဲ့.. နင့်ကို…
ခွဲခွာ ထွက်ပြေးမသွားရလေအောင်.. ဆွဲဆောာင်မထားနိုင်ခဲ့တဲ့.. သောင်ကမ်းစပ် ငါ….
နင့် အကြင်နာတွေ.. သိပ်ခါးတယ် ဆိုတာကို …
ဘယ်အရာမှ.. ပြင်ဆင်ချိန် မရလိုက်သည် အထိ…
အသိ… နောက်ကျခဲ့ခြင်းကတော့ ….
ငါ့ ဘ၀ရဲ့….  အကြီးဆုံး အမှားပေါ့….  ပင်လယ်ရယ်…။

သိပ်ချစ်မိလို့.. သိပ်လွမ်းခဲ့ရတဲ့... ပင်လယ် ရဲ့ ကမ်းစပ်...
ထာဝရ .. "နွေဦးမေ"