Tuesday, October 23, 2012 | By: Nwae Oo May

★ "အဖြူရောင် သံယောဇဉ်"♪♫

အဖြူရောင် သံယောဇဉ်လေးရေ...
ဒီမြေကမ္ဘာရဲ့…  တစ်နေရာမှာ ...
မင်းရှိနေတယ်ဆိုတဲ့…  အသိအတွေးနဲ့တင်...
ငါလေ.. တိတ်တိတ်ကလေး ... ပျော်ရွှင်နေနိုင်ခဲ့ပါတယ်….။

စမ်းလသော်တာ…  ရွှန်းလဲ့ဖြာလက် …
အအိပ်ခက်ည…  ဆုံဆည်းရစဉ်... တွယ်ငြိခဲ့သော…  
သံယောဇဉ် အဖြူရောင် …  ကမ္ဘာတည်အောင် ...
ရှည်လိမ္မယ်လည်း … ငါ မမျှော်လင့်ရဲခဲ့ရိုး အမှန်ပါ….။

တစ်နေ့ တစ်ရက် … အမေ့ခက်လို့…
ဆုံရက်တွေလဲ... ဆက်ခဲ့တယ်…
အမှတ်မထင်…  ဆုံစဉ်ခဏ ...
ထင်ကျန်ရသော…  သံယောဇဉ်.....
ဖြတ်ရန်ပင်….  ခက်လှချည်ရဲ့…
ဒီထိ ငြိမယ်… မမျှော်မှန်းလဲ ….
ရော်ရမ်းလို့တော့ လွမ်းတတ်ပြီ....။

တစ်ပေါက်ချင်း... စုသည့်   ရေ …းမေ
ပေါင်းဆုံဖွဲ့ဆင်း… မြစ်တစ်စင်းရဲ့ သံစဉ်…
ရင်ခွင်မှာ ပွေ့... ပျော်ပိုက်မွေ့လျော်…
တို့နေပျော်တယ် … အဖြူရောင်လွှမ်း….
အလွမ်းဝေသော သံယောဇဉ် ….။
 "နွေဦးမေ"

★" ကဗျာ (သို့) ရင်ဖွင့်သူ"♪♫

ကဗျာဟာ.. ငါလား…
ငါဟာ.. ကဗျာလား…
ခွဲခြားဘို့ ခက်လှပေမဲ့ ….
ငါ ပျော်ရွှင်တဲ့အခါ…
ငါ့ အဖေါ်ဟာ.. ကဗျာ….
ငါ စိတ်ညစ်တဲ့ အခါ…
ဖေးမပေးတာ.. ကဗျာ…
ကဗျာတွေနဲ့.. ထုဆစ်..
ငါဟာ.. လူ ဖြစ်ခဲ့တယ်….။

စကားလုံးလေးတွေ.. လှချင် လှမယ်….
ဒါဟာ.. ကဗျာ ဖြစ်တယ်….
ကာရံတွေ.. နွဲ့ချင် နွဲ့မယ်…
ဒါဟာ.. ကဗျာ ဖြစ်တယ်…
အရေးအသားတွေ.. ထန်ချင် ထန်မယ်…
ဒါဟာ .. ကဗျာ ဖြစ်တယ်…
ကဗျာတွေကို…
ငါက ဖန်ဆင်းတာ မဟုတ်…
ကဗျာတွေကသာ.. ငါ့ကို ဖန်ဆင်းပါတယ်….
ကဗျာတွေက..
ပုံဖေါ်ထားတဲ့… ငါ့ အဇ္ဇျတ္တ…
ကဗျာတွေကြားမှ.. ငါ့ကို  ရှာတွေ့နိုင်မှာပါ….။

ရင်တွင်း အပြုံး..
နှလုံးက မျက်ရည်…
အထိရောက်ဆုံး.. စကားလုံးလေးတွေနဲ့…
ရေးချယ်နိုင်တာ.. ကဗျာ….။
အပူမိသမျှ..
လူသိအောင် ပြ…
ရေးသီချနိုင်တာ.. ကဗျာ….။
ငါ့ ကဗျာတွေမှာ….
ရယ်မောသံစဉ်.. ပါချင် ပါမယ်…
ငိုကြွေး သံစဉ်.. ဖြစ်ချင် ဖြစ်မယ်…
ဘာတွေပဲ… ဖြစ်နေပါစေ….
ငါဟာ…  ကဗျာ ဖြစ်သလို…
ကဗျာဟာ… ငါ ဖြစ်တယ်….
ကဗျာတွေနဲ့… ထုဆစ်…
ငါဟာ.. လူဖြစ်ခဲ့တယ်….။

ထာဝရ "နွေဦးမေ"

★"ဝေးလွင့်ခြင်း"♪♫

တိတ်တိတ်ကလေး ...
နှုတ်ဆက်ခဲ့ပါတယ် ချစ်သူ.....။

ကြွင်းကျန်ရစ်သော...
သံယောဇဉ်အားလုံး...
အကျွန် ပြည်ဖုံးကား ချပါ့မယ်.....။

ချစ်ခြင်းတရားမှ သွေဖီ၍...
အကျွန့်ဆီသို့.. လွှတ်ရက်ခဲ့သော...
ဥပေက္ခာမျက်ဝန်းများရဲ့.. နှိပ်စက်မှုဒဏ်...
အကျွန် ဘယ်လိုမှ မခံစားနိုင်တော့လို့ပါ....။

ချစ်သူရဲ့.. အကြင်နာနှင့်...
ကြည်လင် ရွှင်သော...
ရယ်မောသံတို့.. လွှမ်းခဲ့သည့်...
အတိတ်က ဇာတ်လမ်း... တစ်ခန်း ရပ်ချိန်မှာ...
ရွှေရင်ကွဲကြေ.. သေဆုံး မသွားခဲ့ရတာနဲ့တင်...
အကျွန် ကံကောင်းခြင်း ဖြစ်ခဲ့ရပါပြီ.....။

ချစ်သူထံမှ ရှောင်ပုန်း...
အဝေးဆုံးသို့.. လှမ်းခဲ့ရတဲ့...
ကန္တာရခရီးဟာ...
နွေတစ်ရာထက်.. ကြမ်းမှာကိုလဲ...
အကျွန် ကြိုတင်.. တွေးမြင်ထားခဲ့ပါတယ်.....။

လွမ်းမိလေတိုင်း...
မျက်ရည်ဝိုင်းရသည်.. မှန်သော်လည်း...
ချစ်သူရင်ငွေ့.. တစ်ပိုင်းတစ်စ...
ခိုလှုံခွင့် ရခဲ့သော.. အကျွန့်နှလုံးသားသည်...
`ချစ်သူ´သို့သာ... တမ်းတမျှော်ရည်...
ဝေဒနာကို.. သိုသိပ်...
တိတ်တိတ်ကလေး လွမ်းနေပါ့မယ် ချစ်သူ.....။

ထာဝရ... "နွေဦးမေ"