ဝဿန် ၀ါဆို .....
ပြိုနေတဲ့ .. မိုးပေါက်တွေကြား …
ထားခဲ့တဲ့ ကတိ .. ငြိခဲ့တဲ့ မေတ္တာ …
သိပ်ချစ်မှာလို့ .. ယုံခဲ့ပါတယ်မောင် …..
မှိုင်းညို့ ရီမှောင် ..
တောင်ဆီက မိုးစက်နဲ့ … လျှပ်ပြက်တဲ့.. အချိန်များ...
မောင်ထားသွားမှာ.. မဟုတ်ဘူးလို့.. ဆိုဖူးတဲ့ သစ္စာ...
ရင်မှာ.. တကယ်မှတ်...သိပ်ချစ်တတ်ခဲ့တဲ့..ငါ...
မောင်မြင်သာလျှင် .. ဟားတိုက် ရယ်မလား …
ငါ … တွေးမထားပါဘူးမောင် …..
ရာဇ၀င်မှာ .. စာတင်မဲ့အလွမ်း…
ရင်ခတ်ပန်း တို့ .. ပွင့်တဲ့ အချိန် …
တစ်ခန်းရပ်အိမ်မက် .. နှိပ်စက်ခဲ့ နှလုံးသား …
အမုန်းတရားများရဲ့ဒဏ် .. မခံစားရတာ ကံကောင်း …
ငါ.. ပြန်ပြောင်းလို့ .. မှတ်ယူပါ့မယ် မောင် …..
ကြည့်လျှင် မရိုင်း .. ရှစ်ခွင်တိုင်းမှာ …
အုံ့မှိုင်းမှုံဝေ .. မောင်မေ့နေရဲ့ …
ချန်ရက်ခဲ့လဲ .. မနေရဲတဲ့ …
အသည်းငယ်သူ .. ဆွေးပူနေလဲ …
လူမသိခင် .. မချိရင်မှ …
သောကတွေဝေ .. မျက်ရည် ကြွေလဲ …
ငါ .. တစ်ယောက်ထဲရယ်ပါ မောင် …..
ဘယ်လိုပင် ဖြစ်ပါစေ .. သိပ်ချစ်တတ်ခဲ့တဲ့ ငါ …
မိုးဆိုရင် ခြိမ်းလဲခြိမ်း .. ရွာလဲရွာမှ…
ကြိုက်တတ်ခဲ့တာ .. အမှန်ပေမဲ့ ...
အခုတော့ …
အနောက်တောင်ဆီမှာ …
မိုးတွေ … ညို့နေခဲ့ပါပြီ မောင် …… ။
ထာဝရ.. “ဆောင်းသစ္စာ”

0 comments:
Post a Comment
ကဗျာလေးတွေဖတ်ပြီးဝေဖန်ပေးဖို့တောင်းဆိုပါတယ်။
ဝါသနာအရသာရေးဖြစ်တာပါ။တတ်လွန်းလို့မဟုတ်ပါဘူး။