ချစ်သူရင်ခွင် နွမ်းတဲ့အခါ..
စမ်းတစ်ရာလည်း ခမ်းခြောက်နိုင်ပါသည် မောင်..
ချစ်သူရင်ခွင် မဲ့တဲ့အခါ..
ပန်းတစ်ရာလည်း ရနံ့ပျောက်နိုင်ပါသည် မောင်...
ချစ်သူရင်ခွင် ပျောက်တဲ့အခါ...
မိုးရောက်နေလည်း နွေတစ်ရာကဲနိုင်ပါသည် မောင်...
ချစ်တဲ့မောင်...
ခွဲသွားတဲ့အခါ.. ဖြေသာရာ ဘယ်လိုရှာကွဲ့...
မောင်သင်မပေးခဲ့လည်း ... ရက်စက်တယ် မပြောဖြစ်တမ်း...
မောင်သိတ်ချစ်မှန်း.. သိနေခဲ့လို့ပါ...
လွမ်းရတဲ့မောင်...
ကိုယ်တစ်ယောက်တည်း ကျန်ရစ်တဲ့အခါ...
ရက်ပေါင်း ၇၃၀ ဟာ.. တစ်ဘ၀စာ အထိလည်း..
ညီမျှသွားနိုင်ပါတယ် မောင်...
နှစ်တစ်နှစ်ရဲ့ ဖေဖေါ်ဝါရီ ၁၄ မှာ စတွေ့ခဲ့ပြီး...
နှစ်တစ်နှစ်ရဲ့ စက်တင်ဘာ ၁၄ မှာ... ခွဲသွားဘို့ ကံကြမ္မာ...
ရှိနေတာ... ကြိုသိခဲ့ရင်...
တို့... မချစ်ခဲ့ပါဘူးမောင်ရယ်...
မအချစ်ကြောင့် ... မောင့်ကို နှစ်ရာကျခဲ့တာ...
ကိုယ့် ဇာတာ နောက် ၁၀နှစ်.... မျှဝေပေးဖို့... ဖြစ်နိုင်ခဲ့ရင် ...
၅ နှစ်ပဲဖြစ်စေ... (အတူ) ချစ်နေလိုက်ချင်ပါသည် မောင်!...
အတူနေ.. အတူပျော်ပြီး.. အတူသာ သေလိုက်ချင်ပေမယ့်...
အဖန်ငါးရာ.. ငါးကမ္ဘာကြောင့်...
ချောက်ချားစရာ.. ဆောင်းအိပ်မက်တွေနဲ့...
မောင်ထားရာ.. ဘ၀ရွက်ကြွေတောမှာ...
မောပန်းစွာ.. လျှောက်လှမ်းရင်း...
မောင်ပေးခဲ့ဝန်.. ကျေအောင်ထမ်းလို့...
သေသည့်တိုင်... မောင့်ကိုလွမ်းမယ်..
"ချစ်ဦးသခင်"ရယ်... သိစေသော်ဝ်......။
ထာဝရ.. "ဆောင်းသစ္စာ"

0 comments:
Post a Comment
ကဗျာလေးတွေဖတ်ပြီးဝေဖန်ပေးဖို့တောင်းဆိုပါတယ်။
ဝါသနာအရသာရေးဖြစ်တာပါ။တတ်လွန်းလို့မဟုတ်ပါဘူး။