Friday, November 30, 2012 | By: Nwae Oo May

★“ရာဇ၀င်ရိုင်းတဲ့ သမိုင်း ”♪♫


လောကပါလ နတ်မင်းကြီးရေ...
ကြည့်နေတော်… မမူလိုက်ပါနဲ့…..
မတရားမှုတွေ…  ရှိနေတဲ့ အခါ…
တရားဥပဒေဆိုတာ.. ဖြစ်လာတယ်…
တရားဥပဒေကရော… မတရားမှုတွေကို…
ပပျောက်စေပါ့မလား……။

"မြန်မာ" ဆိုတာ.."ထေရ၀ါဒ.. ဗုဒ္ဓဘာသာ"ကို…
ကိုးကွယ်တယ်…
သခင်ကို.. သခင်မှန်း… သိတတ်တယ်…
ထမင်းရှင်ကို.. ထမင်းရှင်မှန်း… နားလည်တယ်…
ခန္တီစ ပါရမီ.. ရင့်သန်တယ်…  ဆိုတိုင်း….
အမျိုး ဘာသာ… သာသနာကိုတော့.. မစော်ကားနဲ့…။

လက်ခုပ်ထဲ…  ရောက်နေတိုင်း…
မှောက်လို မှောက်.. လှန်လို လှန်….
လုပ်မယ်တော့.. မကြံစေချင်ဘူး….
ရေ လို.. အရောင် အဆင်း… အနံ့  အရသာ…
မရှိတာမှ.. မဟုတ်တာ…..
လူ ဖြစ်နေတဲ့ အခါ .. အသားထိရင်.. နာတတ်သေးတယ်….
"အလွန်" ရှိနေတာ…
တစ်ခါ မဟုတ်ဘူး.. နှစ်ခါ မဟုတ်ဘူး…
အပြန် တစ်ရာ သေတတ်ရအောင်….
အသိဥာဏ် နုံနဲ့တဲ့.. တိရိစ္ဆာန် ဘုံ.. မဟုတ်သေးဘူး….။

ဘာပဲ… ပြောပါစေ….
ငါတို့ မြေ.. ငါတို့ ရေ….. ငါတို့ သွေးတွေ…
"မြန်မာ"ဆိုတာ…
သွေး အရောင်က ရဲရဲ…
ဘယ်လောက်ပဲ ရိုးရိုး…. အမျိုးကိုတော့.. ချစ်တတ်တယ်…
ငါတို့ ဘာသာ.. သာသနာ…
"သံဃာ" ဆိုတာ. အထွဋ်အမြတ်…
"ခွပ်ဒေါင်း" အလှမှ.. မြတ်နိုးတတ်တာ.…
တစ်ခါ အသေသတ်ရုံနဲ့ ... အမြစ်ပြတ်သလား….
ကမ္ဘာကျေတောင်… မချေနိုင်တဲ့…
အရိုး တွန်ကြွေး…
ဘယ်သူ ရေးတဲ့.. သမိုင်းတွေလဲ…..
လောင်တိုက်ထဲမှာ..  သွင်းလိုက်ရုံနဲ့….
ဖြိုခွင်းနိုင်တယ်… ထင်ရင် မှားမယ်….။

ငါတို့ ရေမြေ.. ငါတို့ ချစ်တာ…
တရား မှန်လာ… နတ်စောင့်လိမ့်မယ်…
ငါတို့ လက်ထဲ.. လက်နက် ဆွဲဘူး…
ငါတို့ နေတာ.. ဇဗ္ဗူဒီပါ… လင်္ကျာတောင်ကျွန်း…
နိမိတ်ထွန်းတဲ့ အရပ်…. မှတ်မိတတ်စရာ မလိုပါဘူး…..
တရားကို နတ်စောင့်သတဲ့….
လိုချင်တဲ့ အရာမှာ.. မတရားတာ မပါခဲ့ဘူး..။

သမိုင်းက ထွန်းသော.. အရပ်.. ကိုယ့်မြေကို. ကိုယ်ချစ်တတ်ရုံ…..
ကိုယ်မှီခိုရာ.. အရိပ်တစ်ပင်ကို.. ခင်တွယ်ချင်ရုံ.. သက်သက်..
ဘယ်အကျိုးအတွက်မှ… မမျှော်ကိုးခဲ့….
လက်ညှိုးနဲ့ တောက်ဖို့ မလို… မင်းတို့.. သမိုင်းက ခြောက်တဲ့ အခါ…
ကိုယ် ပြန်သေမှာ… မကြောက်ပါနဲ့….
ရာဇ၀င်ကို… ရိုင်းအောင်ရေးခဲ့...
သမိုင်း မလှမှ… "အဘ" ခေါ်…
လွန်သော်မှ ရ… နှောင်းနောင်တကြောင့်…
စိုးနှောင့်ဗျာပွေ… ဆက်မနေသာ….
ခန္ဓာဝန်ထမ်း…  လာလမ်းပြန်လှည့်… ၀န်ချခဲ့လော့ ….…။          ။

ထာဝရ "နွေဦးမေ"

0 comments:

Post a Comment

ကဗျာလေးတွေဖတ်ပြီးဝေဖန်ပေးဖို့တောင်းဆိုပါတယ်။
ဝါသနာအရသာရေးဖြစ်တာပါ။တတ်လွန်းလို့မဟုတ်ပါဘူး။