ပင်လယ်ကြီးရေ..
ငါရောက်လာပြီလို့...
တိုးတိုးကလေး နှုတ်ဆက်လိုက်ပါတယ်....။
ကျယ်ပြန့်ခြင်း နက်ရှိုင်းခြင်း တို့နဲ့...
ရင့်ကျက် တည်ငြိမ်နေတဲ့.. ပင်လယ်ဟာ..
သက်ပြင်းမော မချတစ်ချနဲ့...
တစ်ရှဲရှဲ အသံပေးရင်း...
ဆားနံ့သင်းသင်း.. လေပြေတစ်ချို့နဲ့...
သူ့ရင်ငွေ့ပေး ဆီးကြိုခဲ့တယ်.....။
ဆုံးစ မထင်တဲ့ ပင်လယ်ပြာပြာ...
မဟာသမုဒ္ဒရာ၌ပင်.. အနားသတ် ကမ်းစပ် ရှိသတဲ့....
ပမာပြု ထပ်တူယှဉ်...
နှလုံးသားတွင်.. ငြိတွယ်ခဲ့သည့်..
မေတ္တာတရားတို့... ပြယုဂ်အဖြစ်..
အဆုံးသတ် မဲ့သော... လွမ်းဆွတ်ခြင်း....
ရင်တွင်း သောက... ဟူသမျှကို...
ပင်လယ်ပြင်ရေ.... ဆေးကြော နှစ်မြုပ်..
အရာရာကို.. သိမ်းဆည်း သိုဝှက်ရာ...
နင့် ရင်ခွင်အောက်မှာ... ဖုံးအုပ်ပေးပါ...
ပရိဒေ၀ မှန်သမျှ... မေ့ချင်တယ်.....။
ထာဝရ "နွေဦးမေ"

ငါရောက်လာပြီလို့...
တိုးတိုးကလေး နှုတ်ဆက်လိုက်ပါတယ်....။
ကျယ်ပြန့်ခြင်း နက်ရှိုင်းခြင်း တို့နဲ့...
ရင့်ကျက် တည်ငြိမ်နေတဲ့.. ပင်လယ်ဟာ..
သက်ပြင်းမော မချတစ်ချနဲ့...
တစ်ရှဲရှဲ အသံပေးရင်း...
ဆားနံ့သင်းသင်း.. လေပြေတစ်ချို့နဲ့...
သူ့ရင်ငွေ့ပေး ဆီးကြိုခဲ့တယ်.....။
ဆုံးစ မထင်တဲ့ ပင်လယ်ပြာပြာ...
မဟာသမုဒ္ဒရာ၌ပင်.. အနားသတ် ကမ်းစပ် ရှိသတဲ့....
ပမာပြု ထပ်တူယှဉ်...
နှလုံးသားတွင်.. ငြိတွယ်ခဲ့သည့်..
မေတ္တာတရားတို့... ပြယုဂ်အဖြစ်..
အဆုံးသတ် မဲ့သော... လွမ်းဆွတ်ခြင်း....
ရင်တွင်း သောက... ဟူသမျှကို...
ပင်လယ်ပြင်ရေ.... ဆေးကြော နှစ်မြုပ်..
အရာရာကို.. သိမ်းဆည်း သိုဝှက်ရာ...
နင့် ရင်ခွင်အောက်မှာ... ဖုံးအုပ်ပေးပါ...
ပရိဒေ၀ မှန်သမျှ... မေ့ချင်တယ်.....။
ထာဝရ "နွေဦးမေ"

0 comments:
Post a Comment
ကဗျာလေးတွေဖတ်ပြီးဝေဖန်ပေးဖို့တောင်းဆိုပါတယ်။
ဝါသနာအရသာရေးဖြစ်တာပါ။တတ်လွန်းလို့မဟုတ်ပါဘူး။