Tuesday, December 18, 2012 | By: Nwae Oo May

★“လက်ကျန် မနက်ဖြန် တစ်ရက်”♪♫


ချစ်ခဲ့ရတဲ့ အိမ်မက်နဲ့.
ငိုခဲ့ရတဲ့ မျက်ရည်တွေ အတွက် ..
ရင်မှာ နောင်တ.. ရခဲ့ပါဘူး..
မင်း ထားရက်တဲ့.. တစ်ကမ္ဘာ...
ငါ နေရဲပါတယ် ချစ်သူ...။

ကြင်နာမယ် တစ်သက်လုံး ဆိုတာ..
ပုံပြောတမ်း ကစားခံခဲ့ရတယ် ဆိုလည်း...
ရင်ထဲမှာတော့.
အမှတ်တရ.. တစ်သက်စာ..
သိပ်လွမ်းနေမှာ.. နင်ယုံမယ်ဆို..
ငါ သေပျော်တယ်... ချစ်သူလေး...။

တစ်သက်ပဲ ဝေးဝေး...
ဆယ်သက်ပဲ ဆွေးဆွေး....
နင် ပေးခဲ့ဖူးတဲ့ အချစ်..
တစ်ကယ် စစ်တာလဲ. ငါယုံတယ်…
ငါ ပြန်ပေးမိတဲ့ အချစ်...
နောင်တတွေလဲ.. ဖြစ်စရာ မလို..
သိပ်ချစ်တယ်ဆိုတာ..
နင် ယုံသာရုံ.. ပြောခဲ့တာ... ဟုတ်ရပါဘူး ချစ်သူရယ်…။

ရင်ထဲ ကျွမ်းနစ်.... ငါ့ အချစ်တွေ..
သေသည်အထိ.. စွဲငြိခိုင်မာ...
တမလွန်တိုင်... ယူသွားတော့မယ်…
ဝဲလည်လာတဲ့.. မျက်ရည်ခန်းခြောက်...
ကျောက်ဖြစ် ရုပ်ကြွင်း.. ဖြစ်ချင် ဖြစ်စေ...
ငါ့ရင်တွင်းမှ.. နောက်ဆုံး အဖြစ်…
နောင်ဘ၀ထိ.. ချစ်နေမှာပါ… ချစ်သူ….။

ငါ... သေပစ်လဲ.. ထိုက်တန်ပါတယ်...
တစ်သက် ထာဝရ... ငါ မမေ့ဘူး...
ချစ်သူလေးရဲ့.. “တမ်းတမေ” မှ...
လွမ်းနေရရုံ... နေပျော်ပါသည်...
ငါ ပြန်ပါပြီ… ချစ်သူရယ်….
တစ်သက်စာတွက်… နှုတ်ဆက်ပါရဲ့...
ရှေ့ဆက်ရမည့် .. မနက်ဖြန် တစ်ရက်မှာ…
ဘာလုပ်ရမယ်… သိတော့ပါဘူး....။


0 comments:

Post a Comment

ကဗျာလေးတွေဖတ်ပြီးဝေဖန်ပေးဖို့တောင်းဆိုပါတယ်။
ဝါသနာအရသာရေးဖြစ်တာပါ။တတ်လွန်းလို့မဟုတ်ပါဘူး။