Monday, October 15, 2012 | By: Nwae Oo May

"လွမ်းသူ့ရာသီ ရက်ပေါင်း ၇၃၀"

ချစ်သူရင်ခွင် နွမ်းတဲ့အခါ..
စမ်းတစ်ရာလည်း ခမ်းခြောက်နိုင်ပါသည် မောင်..
ချစ်သူရင်ခွင် မဲ့တဲ့အခါ..
ပန်းတစ်ရာလည်း ရနံ့ပျောက်နိုင်ပါသည် မောင်...
ချစ်သူရင်ခွင် ပျောက်တဲ့အခါ...
မိုးရောက်နေလည်း နွေတစ်ရာကဲနိုင်ပါသည် မောင်...
ချစ်တဲ့မောင်...
ခွဲသွားတဲ့အခါ..  ဖြေသာရာ ဘယ်လိုရှာကွဲ့...
မောင်သင်မပေးခဲ့လည်း ... ရက်စက်တယ် မပြောဖြစ်တမ်း...
မောင်သိတ်ချစ်မှန်း..  သိနေခဲ့လို့ပါ...
လွမ်းရတဲ့မောင်...
ကိုယ်တစ်ယောက်တည်း ကျန်ရစ်တဲ့အခါ...
ရက်ပေါင်း ၇၃၀ ဟာ..  တစ်ဘ၀စာ အထိလည်း..
ညီမျှသွားနိုင်ပါတယ် မောင်...
နှစ်တစ်နှစ်ရဲ့ ဖေဖေါ်ဝါရီ ၁၄ မှာ စတွေ့ခဲ့ပြီး...
နှစ်တစ်နှစ်ရဲ့ စက်တင်ဘာ ၁၄ မှာ... ခွဲသွားဘို့ ကံကြမ္မာ...
ရှိနေတာ... ကြိုသိခဲ့ရင်...
တို့...  မချစ်ခဲ့ပါဘူးမောင်ရယ်...
မအချစ်ကြောင့် ... မောင့်ကို နှစ်ရာကျခဲ့တာ...
ကိုယ့် ဇာတာ နောက် ၁၀နှစ်.... မျှဝေပေးဖို့... ဖြစ်နိုင်ခဲ့ရင် ...
၅ နှစ်ပဲဖြစ်စေ...  (အတူ) ချစ်နေလိုက်ချင်ပါသည် မောင်!...
အတူနေ.. အတူပျော်ပြီး..  အတူသာ သေလိုက်ချင်ပေမယ့်...
အဖန်ငါးရာ.. ငါးကမ္ဘာကြောင့်...
ချောက်ချားစရာ.. ဆောင်းအိပ်မက်တွေနဲ့...
မောင်ထားရာ.. ဘ၀ရွက်ကြွေတောမှာ...
မောပန်းစွာ.. လျှောက်လှမ်းရင်း...
မောင်ပေးခဲ့ဝန်..  ကျေအောင်ထမ်းလို့...
သေသည့်တိုင်...  မောင့်ကိုလွမ်းမယ်..
"ချစ်ဦးသခင်"ရယ်...  သိစေသော်ဝ်......။

ထာဝရ.. "ဆောင်းသစ္စာ"

"အိမ်မက်သခင်"

အိမ်မက်သခင် ရေ .....
မင်းဖိတ်ခေါ်ခဲ့တဲ့ ...  ၀င်္ကပါလမ်း ...
မဟူရာရောင် ခြုံလွှမ်း ... ကြမ်းတမ်းကာ ခက်တရော် .....
ဖ၀ါးတော် နုနု ....   သွေးခြေတွေ ဥလို့ ...
ခြေချော်ကာ ...   လဲကျလုပါစေ ...
ငါအရောက်လာ ... လှမ်းခဲ့တာ .....
ဘယ်လို ...  တပ်မက်မှုမျိုးလဲ .....
မင်း .....  ဆန်းစစ်ခဲ့ပါရဲ့လား... အိမ်မက်သခင် .....။

အိမ်မက်သခင် ရေ .....
မင်းခင်းပေးခဲ့တဲ့ ...  င်္ဒိလမ်းမှောင်မှောင်က ...
ကဗျာကာရံတွေရဲ့ .... ဖြားယောင်းမှု သံစဉ်အောက်မှာ ....
ပျော်ရွှင်မှုအပေါင်း ...    ခညောင်းကာ သက်ကြွေလို့ .....
သံယောဇဉ် သရဖူကို ... ဆောင်းစေခဲ့တာကရော ...
ဘယ်လို ...  တွယ်တာမှုမျိုးလဲ .....
မင်း ..... ဆန်းစစ်ခဲ့ပါရဲ့လား .... အိမ်မက်သခင် .....။

အိမ်မက်သခင် ရေ .....
မင်း ဖန်ဆင်းပေးခဲ့တဲ့ ...  ဒီ ကမ္ဘာလေးမှာ ...
ရေတံခွန်လေး ဖြာဝေ ... စမ်းချောင်းလေး စီးဆင်း ...
ပန်းပွင့်လေးတွေ ဖြန့်ခင်း ... ရနံ့လေးတွေက သင်းလို့ ...
တိမ်လွှာ သက်တံ့ဒါန်းကို စီးကာ ... ပျော်ရွှင်စွာ ကခုန်ရင်း ....
သခင်လာရာလမ်း .... မျှော်မှန်းလျှက် အထီးကျန် ....
စောင့်စားကာ ....  ချန်နေနိုင်ခဲ့တာကရော...
ဘယ်လို ... သံယောဇဉ်မျိုးလဲ....
မင်း ....   ဆန်းစစ်ခဲ့ပါရဲ့လား .... အိမ်မက်သခင် .....။

အိမ်မက်သခင် ရေ ...
တိတ်ဆိတ်တဲ့ အမှောင်ကြား ... ချောက်ချားစွာ  ရက်.. ဆက် ...
မမေ့ရက်တဲ့ ငါ့ ရင်တွင်း ...  မျှော်လင့်ခြင်းကို ဖန်ဆင်း .....
တမ်းတခြင်း အနန္တ ... ဖမ်းဆုပ်လို့ မရခဲ့ငြား ....
ဝိုးတ၀ါး ပုံရိပ်နှင့် ... သခင့်ကို လွမ်းသာရုံလေး .....
ရေးတေးတေး ရှိပေမယ့်... သခင်ထားရာအရပ် ...
မြတ်နိုးတတ်စွာ ... သက်ဝင်နေနိုင်ခဲ့တာကရော ...
ဘယ်လို နှလုံးသားမျိုးလဲ ...
မင်း ....  ဆန်းစစ်ခဲ့ပါရဲ့လား .... အိမ်မက်သခင် .....။

အိမ်မက်သခင်ရေ ...
ငါ့ရင်တွင်းက ... စိမ်းလန်းခြင်း ... မျှော်လင့်ချက် ...
ချိုးဖျက်ကာ... ပျက်ကြွေရတော့မှာလား ...
မင်း လှမ်းလာ ... ဖွင့်ဟပါဦး ... နော် .......
မျှော်လင့်ခြင်း အိမ်မက် .... ပျောက်ပျက်မှာ ....
စိုးရွံ့ပေမဲ့ .... ဖန်ဆင်းမှု ပဉ္စလက် က ....
ငါ့ရဲ့လက်မှ ... မဟုတ်ခဲ့လေတော့ .....
ပဉ္စလက်ဆရာ ...  "အိမ်မက်သခင်" ကိုသာ ......
မျှော်ကိုးကာ ...  တမ်းတပါတယ် ......
သခင် .... ဘယ်ခါ ...  ရောက်လာမှာလဲကွယ် ......... ။         ။

ထာဝရ "နွေဦးမေ"

ပဉာတ်ချက်

ဖြူစင်ဝင်းလက်.. ပန္နက်ခဲ့ဖူးတဲ့...
သစ္စာ...
ထားခဲ့ဖူးတာ.. သေချာရုံနဲ့....
အရာအားလုံး... ပြီးပြည့်စုံပါတယ်.....
နီးခြင်း ဝေးခြင်း.. ပဥာတ်များ..
ရင်ထဲ.. မခံစားတော့တာ..
ကြာခဲ့ပြီလေ...
မိုင်ထောင်ချီတဲ့ အဝေး...
အလင်းနှစ်နဲ့ပဲ တွက်တွက်....
အသံလှိုင်းနဲ့ပဲ... နှိုင်းနှိုင်း...
စိတ်အလျဉ်ရဲ့...
သွားနှုန်း ခရီး...
တားဆီးနိုင်မဲ့.. အရာ...
ငါ မြင်သာရင်... ထားခဲ့ပါ....
မင်း မေ့သွားမှာ.. ငါယုံပေးနိုင်တယ်...
သံယောဇဉ်ယူနစ်...
မင်း အပေါ် ဖြစ်ခဲ့တယ် ဆိုတာ...
ဘယ်အရာရဲ့ .. ဖျားယောင်းမှုမှ.. မပါခဲ့သလို....
ဝေးကွာခြင်း တရား.. မင်းထားခဲ့လဲ...
ငါ .. ခံစားပေးမှ...
လွမ်းဆွေးမှု ရသ မည်မယ်လေ...
မင်းလေး နားလည်တတ်ခဲ့မယ် ဆိုရင်...
ငါလိုနေတာ.. အချစ် မဟုတ်ဘူး..
ငါလိုအပ်တာ.. နီးစပ်ခြင်း မဟုတ်ဘူး..
နီးခြင်း ဝေးခြင်း.. ပဥာတ်များ..
ငါ မခံစားခဲ့တာ.. ကြာလှပြီ...
ရယူခြင်း. ပေးဆပ်ခြင်း....
အစွန်းလွတ်သော.. ငြိတွယ်ခြင်း တစ်စ....
ငါလိုအပ်တာက. မင်း ပျော်ရွှင်မှု....
ငါ့မျက်ရည် ... ပင်လယ်ဝေေ၀...
ငါ့... အသည်းတွေ.. တစ်စစီ ကြွေကြွေ....
နင်ကျေနပ်ရင်. ပြီးပါတယ်...
အရာအားလုံး.. တစ်က ပြန်မစချင်သလို..
ဘယ်အရာကိုမှ.. ပြည်ဖုံးကား ချဖို့ မလိုဘူး....
အလျားအနံ မရှိသလို..
အသွားအပြန်လဲ. မလိုတဲ့. သံယောဇဉ်..
ငါ့ရင်မှာ.. ဖြစ်တည်ခဲ့တာ...
မင်း ရှိနေမှ.. ဖြစ်တာ မဟုတ်ဘူး..
တစ်ယောက်ထဲ ချစ်လဲ... အချစ်ပဲ .. မည်ပါတယ်........။
“ထာဝရ ဆောင်းသစ္စာ”