Monday, October 15, 2012 | By: Nwae Oo May

★“တမ်းတ ငှက်ငယ်”♪♫

ချစ်သူက ..
သစ်ပင်ဆိုရင် …
ဒို့က.. ငှက်ကလေး တစ်ကောင်ပေါ့.. ချစ်သူရယ် …။

မင်းရဲ့.. ရင်မှာ.. နားခိုရာက …
အနှင်ခံ… ပျံသန်းခဲ့ရပေမဲ့ …
အေးချမ်းမှု အပြည့်နဲ့ ...
ခင်တွယ်ရာ.. ရင်ခွင်ကိုတော့ ...
ထာဝရ… မမေ့နိုင်ပါဘူး… ချစ်သူရယ် ...။

မင်းကတော့ ...
ရင်ခွင်ထဲကို.. ခိုဝင်လာမဲ့ …
ငှက်သစ်ကလေးတွေနဲ့… ပျော်ရွှင်ရင်း …
ဟိုစဉ်တစ်ချိန်က …
နားခိုခွင့် ပေးခဲ့ဖူးတဲ့.. ငှက်ကလေး တစ်ကောင်ကို ...
မေ့လျော့.. ပျော်ရွှင်နေရော့ပေါ့နော် …။

ဒါပေမဲ့…
မင်းရဲ့.. အရင်က … ငှက်ကလေးကတော့ …
အတောင် မညောင်းမချင်း …
အထီးကျန် ငှက်ကလေးတစ်ကောင် အသွင်နဲ့ …
ရင်ခွင်ဟောင်းကို.. တမ်းတရင်း …
သမုဒယ ကောင်းကင်ထဲမှာ …
ပျံသန်းနေဆဲပါ.. ချစ်သူရယ် …..။

ထာဝရ..  "နွေဦးမေ"

0 comments:

Post a Comment

ကဗျာလေးတွေဖတ်ပြီးဝေဖန်ပေးဖို့တောင်းဆိုပါတယ်။
ဝါသနာအရသာရေးဖြစ်တာပါ။တတ်လွန်းလို့မဟုတ်ပါဘူး။