ဒီနေ့…
နှင်းတွေ ကျတယ် မောင်…
ဥတုရာသီ… ဆောင်းပီပေမဲ့.…
ရင်ထဲမှာ နွေ...….
မဖြေသာအောင်ပဲ.. ချစ်ခဲ့တယ်…။
ငါ့.. ရင်မှာမော…
သောကနဲ့ စီးချင်းထိုး….
မျက်ရည်မိုးတွေ သည်းထန်နေတုန်း...
နှလုံးသားမှာ… ဒဏ်ရာတွေဖြစ်…
မောင် ပစ်ခဲ့တဲ့… ဝေဒနာမြားချက်…
ငါ့ရဲ့ ရင်ထဲ.. နက်လှပါတယ်…။
ချစ်သူ…
နင်ပစ်ရက်မယ်… မထင်ခဲ့ဘူး…
အယုံထူးတဲ့.. ငါ့မိုက်မဲမှု….
အတုနှိုင်းမဲ့ .. သိပ်ချစ်ခြင်းများ.…
တန်ဘိုးမထားတာ… ရင်နာတယ်…။
ဘ၀ ကန္တာ…
ကြမ္မာ ရိုင်းနှင့်..
ကြမ်းသော ရေစက်….
အသက်ဆက် မလွယ်…
ဖြေမယ် ရွယ်ကိုး.. ဆိုးသော ဘ၀…
မဆုံရစေ.. မနေလိုဘူး…
ဘ၀ကူးစေ... မချစ်လဲ နေတော့…
ရေစက်ကို ဖြတ်.. မုန်းတတ်အောင်သင်…
အချစ်ငတ် “ရင်”..
မဖြစ်ချင်ဘူး…….
အထူးတောင့်တ.. မေ့ပါရစေ…..။
ထာဝရ ... "နွေဦးမေ"

နှင်းတွေ ကျတယ် မောင်…
ဥတုရာသီ… ဆောင်းပီပေမဲ့.…
ရင်ထဲမှာ နွေ...….
မဖြေသာအောင်ပဲ.. ချစ်ခဲ့တယ်…။
ငါ့.. ရင်မှာမော…
သောကနဲ့ စီးချင်းထိုး….
မျက်ရည်မိုးတွေ သည်းထန်နေတုန်း...
နှလုံးသားမှာ… ဒဏ်ရာတွေဖြစ်…
မောင် ပစ်ခဲ့တဲ့… ဝေဒနာမြားချက်…
ငါ့ရဲ့ ရင်ထဲ.. နက်လှပါတယ်…။
ချစ်သူ…
နင်ပစ်ရက်မယ်… မထင်ခဲ့ဘူး…
အယုံထူးတဲ့.. ငါ့မိုက်မဲမှု….
အတုနှိုင်းမဲ့ .. သိပ်ချစ်ခြင်းများ.…
တန်ဘိုးမထားတာ… ရင်နာတယ်…။
ဘ၀ ကန္တာ…
ကြမ္မာ ရိုင်းနှင့်..
ကြမ်းသော ရေစက်….
အသက်ဆက် မလွယ်…
ဖြေမယ် ရွယ်ကိုး.. ဆိုးသော ဘ၀…
မဆုံရစေ.. မနေလိုဘူး…
ဘ၀ကူးစေ... မချစ်လဲ နေတော့…
ရေစက်ကို ဖြတ်.. မုန်းတတ်အောင်သင်…
အချစ်ငတ် “ရင်”..
မဖြစ်ချင်ဘူး…….
အထူးတောင့်တ.. မေ့ပါရစေ…..။
ထာဝရ ... "နွေဦးမေ"

0 comments:
Post a Comment
ကဗျာလေးတွေဖတ်ပြီးဝေဖန်ပေးဖို့တောင်းဆိုပါတယ်။
ဝါသနာအရသာရေးဖြစ်တာပါ။တတ်လွန်းလို့မဟုတ်ပါဘူး။