မျှော်လင့်ခြင်းတွေနဲ့.. တင်းတိမ်နေခဲ့တယ် ဆိုရင်...
ဝေးတယ်ဆိုတဲ့.. ခရီးအကွာအဝေး...
ငါ အပြေးလာရင်း.. ပယ်ဖျောက်ပေးမယ်...
ရောင့်ရဲတတ်တဲ့.. နင့်ဆန္ဒတွေ .. ပြည့်ဝစေဖို့ပေါ့ကွယ်....။
နင်သာ...
မျှော်လင့်ခြင်းတွေနဲ့.. အထီးကျန် တစ်ယောက်ထည်း ...
ငိုပွဲ ဖွဲ့နေခဲ့မယ် ဆိုရင်...
နင့်လွမ်းချင်းတွေရဲ့.. အရှင်သခင်...
နင်မြင်ချင်တဲ့ အရပ်.. အတူ ရှိနေတတ်မယ်...
နင့် အလွမ်းတွေ... ပြေစေဖို့ပေါ့ကွယ်....။
နင်သာ...
မျှော်လင့်ခြင်းတွေနဲ့.. ကြေကွဲနေခဲ့မယ် ဆိုရင်...
နင့်ရင်တွင်းကမ္ဘာ .. ငါ ငြင်သာ တိုးခွေ့ရင်း...
ကလူ ကြည်စယ်.. တူတူနေမယ်...
နင် ပျော်ရွှင်နိုင်စေဖို့ပေါ့ကွယ်....။
တစ်ကယ်ပါ....
ငါ မညာဘူး.... သိလား...?
နင်သာ မျှော်လင့်ခြင်းတွေနဲ့.. အသက်ဆက်....
ငါ့ အပြုံးတစ်စ အတွက်... ရှင်သန်နေဦးမယ်.. ဆိုရင်...
မိုနာလီဇာ ရှုံးမဲ့... အပြုံးပန်းတစ်ပွင့်နဲ့...
ရှေ့ဆက်မဲ့... နင့် မနက်ဖြန်တိုင်း အတွက်...
တစ်လောကလုံး... လင်းအောင်.. ပြုံးမယ်...
ငါ့ ထာဝရ နင်...... တစ်သက်တာ.. ရှင်သန်နိုင်စေဖို့ပေါ့ကွယ်...။
ထာဝရ "နွေဦးမေ"
(ရှေ့ဆက်မဲ့... နင့် မနက်ဖြန်တိုင်း အတွက်... တစ်လောကလုံး... လင်းအောင်.. ပြုံးမယ်.)

..
0 comments:
Post a Comment
ကဗျာလေးတွေဖတ်ပြီးဝေဖန်ပေးဖို့တောင်းဆိုပါတယ်။
ဝါသနာအရသာရေးဖြစ်တာပါ။တတ်လွန်းလို့မဟုတ်ပါဘူး။