ရွက်ကြွေတဲ့ ... နွေတိုင်းမှာ...
မျက်ရည်ကလေးတွေ... ၀ိုင်းတော့...
ဘယ်သူလာလို့... ချော့ရှာဦးမှာလဲ...?
မနက်ဖြန်ဆိုတဲ့... လက်ကျန်ရက်ကလေးတွေကလည်း...
တစ်သက် စံရမဲ့... ငရဲခန်းတွေပါ... မောင်ရယ်.....။
ငွေရည်သွန်းဖြိုး... မိုးရောက်တဲ့အခါ...
မိုးစက်ကြားမှာ... မျက်ရည်ဖြာတော့...
ဘယ်သူလာလို့... သုတ်ပေးမှာလဲ...
တစ်သက်ခံရန်... လက်ကျန်ဝဋ်ကြွေးမှန်သမျှ...
မကုန်သေးသရွေ့... ပေးဆပ်ရန်သာ ရှိပါတယ်... မောင်....။
နှင်းမှုန်ဝေဖြာ... ကတ္တီပါဆောင်း...
ခွာညိုပန်းမွှေး... ချမ်းအေးလေတော့...
ဘယ်သူလာလို့ ... ထွေးပွေ့မှာလဲ...
ဝေဒနာရတု... လက်ကျန် ရင်ကွဲမှုဟူသမျှ...
အနန္တကို စုဆောင်း...ဘ၀ပြောင်းကာလ အထိပါ... မောင်.....။
ထာဝရ "ဆောင်းသစ္စာ"

0 comments:
Post a Comment
ကဗျာလေးတွေဖတ်ပြီးဝေဖန်ပေးဖို့တောင်းဆိုပါတယ်။
ဝါသနာအရသာရေးဖြစ်တာပါ။တတ်လွန်းလို့မဟုတ်ပါဘူး။