Thursday, November 22, 2012 | By: Nwae Oo May

★"ဇာနည်မရဲ့ မာန်" ♪♫

ဘာမထီ ဇာနည်ဘွား…
ငါ မိန်းမသား ဖြစ်ပေမဲ့..
တကယ် ဖြစ်ချင်… တစ်ကယ် လုပ်..အဟုတ် ဖြစ်ရမဟဲ့….။

တက်ကြွတဲ့.. စိတ်ကူး..
ရွယ်စူးတဲ့.. အားမာန်…
ငါလိုချင်တာ မှန်သမျှ .. ဖြစ်ကို ဖြစ်ရမယ်……။

ဖော့ဖယောင်းလို .. သွယ်ပျောင်းတဲ့ လက်…
လျှော့လို့ဖြင့်…  မတွက်လေနဲ့…
ငါ့ မိသားစု ထမင်းအိုး.. ပြည့်တင်းစေရေး…
ကောက်ပင် ပျိုးတဲ့ လက်ကလေး.. ဖြစ်ခဲ့တယ်…။

ဆင်မယဉ်သာလို... လျှောက်လှမ်းဟန်နဲ့…
ငါ့ ခြေတန်.. နုနုလေး…
အထင်ဖြင့်… မသေးလေနဲ့…
မိုင်ထောင်ချီ အဝေး… အနီးလေး ရောက်...
ငါ့ခြေဖ၀ါးအောက်.. ပျောက်ရစေ့မယ်…။

ဦးခေါင်းပေါ်ပဲ… ရွက်ရွက်...
ပုခုံးမှာပဲ… ထမ်းထမ်း...
ငါ ရည်ရွယ်ရာ.. ပန်းတိုင်...
ငါ အရောက်.. လှမ်းနိုင်ရမယ်...
ငါ နေချင်ရာ နန်းတော်.. ငါပျော်ချင်ရာ ဘ၀…
ငါ့ စွမ်းအားနဲ့….  ပိုင်ရမယ်….။

လောကဓံဆိုတဲ့.. ကြမ္မာရိုင်း…
စိုင်းချင်သလို.. စိုင်းပါစေ...
ပန်းတွေ ဝေရင်.. ငါ ပျော်မွေ့သလို...
ဆူးခင်း တွေ့လည်း … ငါ နင်းရဲတယ် …
ပန်းဝေေ၀.. ဆူး ကြွေကြွေ...
ငါ ရင်ဆိုင်နေ.. အပြုံး မပျက်စတမ်း…
ရည်ရွယ်ရာလမ်း.. အရောက်ပေါ့…။

ဘာမထီ ဇာနည်ဘွား.. ငါ မိန်းမသား.. ဖြစ်ပေမဲ့..
ပန်းတွေ ဝေေ၀…  ဆူးကြွေကြွေ....
ငါ…  ဖြစ်ချင်နေ… တစ်ကယ်လုပ်…  အဟုတ် ဖြစ်ရမည်…။

ထာဝရ "နွေဦးမေ"

(ကိုလေး....!   မိန်းမသားအားမာန် ကဗျာလေး တစ်ပုဒ်... ရေးပါဆိုလို့... ကြိုးစားခဲ့ပေမဲ့...
သိပ် မရေးတတ်လှလေတော့... ကဗျာကလေးက...သိပ် မကောင်းလှတာ...
ဘာသာ သိနေလို့... ပို့မပေးဖြစ်ခဲ့တဲ့.. ကဗျာကလေးပါ...)

0 comments:

Post a Comment

ကဗျာလေးတွေဖတ်ပြီးဝေဖန်ပေးဖို့တောင်းဆိုပါတယ်။
ဝါသနာအရသာရေးဖြစ်တာပါ။တတ်လွန်းလို့မဟုတ်ပါဘူး။