Monday, October 15, 2012 | By: Nwae Oo May

★ အချစ်ငတ် "ရင်"♪♫


ဒီနေ့…
နှင်းတွေ ကျတယ် မောင်…
ဥတုရာသီ…  ဆောင်းပီပေမဲ့.…
ရင်ထဲမှာ နွေ...….
မဖြေသာအောင်ပဲ.. ချစ်ခဲ့တယ်…။

ငါ့.. ရင်မှာမော…
သောကနဲ့ စီးချင်းထိုး….
မျက်ရည်မိုးတွေ သည်းထန်နေတုန်း...
နှလုံးသားမှာ… ဒဏ်ရာတွေဖြစ်…
မောင် ပစ်ခဲ့တဲ့… ဝေဒနာမြားချက်…
ငါ့ရဲ့ ရင်ထဲ..  နက်လှပါတယ်…။

ချစ်သူ…
နင်ပစ်ရက်မယ်… မထင်ခဲ့ဘူး…
အယုံထူးတဲ့.. ငါ့မိုက်မဲမှု….
အတုနှိုင်းမဲ့ .. သိပ်ချစ်ခြင်းများ.…
တန်ဘိုးမထားတာ… ရင်နာတယ်…။

ဘ၀ ကန္တာ…
ကြမ္မာ ရိုင်းနှင့်..
ကြမ်းသော ရေစက်….
အသက်ဆက် မလွယ်…
ဖြေမယ် ရွယ်ကိုး.. ဆိုးသော ဘ၀…
မဆုံရစေ.. မနေလိုဘူး…
ဘ၀ကူးစေ... မချစ်လဲ နေတော့…
ရေစက်ကို ဖြတ်.. မုန်းတတ်အောင်သင်…
အချစ်ငတ် “ရင်”..
မဖြစ်ချင်ဘူး…….

အထူးတောင့်တ.. မေ့ပါရစေ…..။


ထာဝရ ... "နွေဦးမေ"

★“တမ်းတ ငှက်ငယ်”♪♫

ချစ်သူက ..
သစ်ပင်ဆိုရင် …
ဒို့က.. ငှက်ကလေး တစ်ကောင်ပေါ့.. ချစ်သူရယ် …။

မင်းရဲ့.. ရင်မှာ.. နားခိုရာက …
အနှင်ခံ… ပျံသန်းခဲ့ရပေမဲ့ …
အေးချမ်းမှု အပြည့်နဲ့ ...
ခင်တွယ်ရာ.. ရင်ခွင်ကိုတော့ ...
ထာဝရ… မမေ့နိုင်ပါဘူး… ချစ်သူရယ် ...။

မင်းကတော့ ...
ရင်ခွင်ထဲကို.. ခိုဝင်လာမဲ့ …
ငှက်သစ်ကလေးတွေနဲ့… ပျော်ရွှင်ရင်း …
ဟိုစဉ်တစ်ချိန်က …
နားခိုခွင့် ပေးခဲ့ဖူးတဲ့.. ငှက်ကလေး တစ်ကောင်ကို ...
မေ့လျော့.. ပျော်ရွှင်နေရော့ပေါ့နော် …။

ဒါပေမဲ့…
မင်းရဲ့.. အရင်က … ငှက်ကလေးကတော့ …
အတောင် မညောင်းမချင်း …
အထီးကျန် ငှက်ကလေးတစ်ကောင် အသွင်နဲ့ …
ရင်ခွင်ဟောင်းကို.. တမ်းတရင်း …
သမုဒယ ကောင်းကင်ထဲမှာ …
ပျံသန်းနေဆဲပါ.. ချစ်သူရယ် …..။

ထာဝရ..  "နွေဦးမေ"