Anniversary ဆိုတာ…..
အမှတ်တရ .. အနန္တကို…
တမ်းတစွာ .. ဖက်တွယ်…
နှစ်ပါတ်လည် .. ရောက်လေတိုင်း…
ကျင်းပတဲ့ .. အခမ်းအနား တစ်ခုလို့…
သိမှတ်ကာ .. ယုံကြည်ခဲ့ဘူးတာ…
ငါ… လူမှန်း သိတတ်စကတည်းကပါ မောင် ….. ။
Anniversary အခါခါမှာ…
ပါဝင်ကာ ဆင်နွှဲ …
ပန်းတွေကိုလဲ.. ကျဲဖူးတယ်…
သီချင်းတွေလဲ.. ဆိုဖူးတယ်…
စားပွဲ သောက်ပွဲတွေနဲ့လဲ.. ပျော်ခဲ့ဖူးပါတယ် ….. ။
Anniversary… ကိုလေ…
ပတ်သက်သူတွေ .. မျှော်လင့်…
တစ်နှစ်ကုန် .. တစ်နှစ်ပြောင်း…
အသစ် အသစ်တွေကြောင့်လဲ…
ဟောင်းမသွားစေခဲ့ပါ …
ရှင်သန်ရာ .. နေ့သစ်တွေအရ…
အခမ်းအနားတန်ဘိုးက .. မြင့်ခဲ့တယ် ….. ။
ဒါပေမဲ့.... ဒါပေမဲ့ပေါ့........?
Anniversary… 2 nd.,
တစ်ဆယ့်လေး စက်တင်ဘာ နှစ်ထောင့်တစ်ဆယ့်နှစ်…
ငါ ကိုယ်တိုင်.. ကျင်းပဖြစ်မှာ …
ငါ့နှလုံးသားရဲ့.. ဈာပန …
ဝမ်းနည်းခြင်း.. အမှတ်တရ …
ကျေကွဲမှု အနန္တနဲ့ …
မခမ်းခြောက်နိုင်တော့တဲ့ …
မျက်ရည်စ အသွယ်သွယ်…
ငါ့ရင်က နှလုံးသွေးစက်တွေ … ချယ်သ…..
နင့် ထွက်သက် ... နှစ်ပါတ်လည် အနန္တကို …
င့ါဘ၀ရဲ့ … နောက်ဆုံး ထွက်သက်တိုင်…..
ခမ်းနားစွာ .. ကျင်းပသွားမယ်….
ရောက်လေရာ .. ဘုံဘ၀မှ…
သခင်… ကျေနပ်.. လွတ်မြောက်စေ ….. ။ ။
“ထာဝရ ဆောင်းသစ္စာ”

0 comments:
Post a Comment
ကဗျာလေးတွေဖတ်ပြီးဝေဖန်ပေးဖို့တောင်းဆိုပါတယ်။
ဝါသနာအရသာရေးဖြစ်တာပါ။တတ်လွန်းလို့မဟုတ်ပါဘူး။