★“ မေမေ့ နွေဦးမေ ”♪♫
ဆောင်းချမ်းကာလ…
နှင်းဖြန်းထားတဲ့.. ညတစ်ညအလွန်..
အာရုဏ်သစ်တစ်ခု.. အစမှာ...
မေမေ ကျမကို.. မွေးဖွားပေးခဲ့ပါတယ်.....
ဇန္န၀ါရီ တစ်ဆယ့်ရှစ်… မနက် တစ်နာရီ ၂၁ မိနစ်…
မေမေ.. ကျမကို.. သိပ်ချစ်ခဲ့တယ်တဲ့…လေ….
မေမေရယ်…
အဦးဆုံး သမီးမို့.. အရူးအမူးဖြစ်…
ဖေဖေကလည်း.. သိပ်ချစ်ခဲ့ပါတယ်…. လေ…။
ဆောင်း နှောင်း နွေ ဦး…
လေရူးလည်း သုန်.. နှင်း မကုန်သေးချိန်ကြား..
မွေးဖွားသန့်စင်တဲ့.. ချစ်သမီးဦးသို့…
အရူးအမူးချစ်လို့… ဘ၀ထူးဖို့.. ရည်စူး…
“နွေဦးမေ” ဟု.. ပညတ် မည်တွင်….
တစ်ဘ၀လုံးပင်... ပျော်ရွှင်စေချင်ခဲ့သတဲ့လေ….။
မေမေ ဖေဖေ နှင့်.. အတူနေ…
သမီးလေး နွေဦးမေ … သိပ်ပျော်ရွှင်ခဲ့ရဖူးတယ်လေ….
တတိုင်း ရတဲ့.. သူဌေးသမီး ဘ၀ … မဟုတ်ခဲ့ရပေမယ့်….
ကြံတိုင်း အောင်လို့.. ဆောင်တိုင်း မြောက်စေတဲ့.. အစွမ်း….
သမီးလေး ရင်မှာထွန်း.. ပေါက်…
အလိုရှိရာ .. ဘ၀ကလေး တစ်ခုကိုတော့.. ရောက်စေခဲ့သားပဲ.. လေ…။
မေမေရေ... ကျေးဇူးပါရှင့်.....
မေမေ ပေးခဲ့တဲ့.. အသက်နှင့် ....
ရှေ့ခရီးသို့.. တစ်နှစ်... ဆက်ခဲ့ပြန်ပါပြီ...
ကိုယ်လိုချင်သည်…. မှန်သမျှ.. ရအောင်… စွမ်းဆောင်နိုင်တဲ့ ဘ၀မျိုး….
သူတစ်ပါး… အားကိုးလိုသော စိတ်တို့ကင်း…
ဘ၀ရဲ့.. ဆင်းရဲခြင်းတို့.. ကြုံကြိုက်သော ကာလတိုင်းမှာ….
မငိုတတ်ရလေအောင်.. ညွှန်ကြား…
ဘ၀ ခြားသွားလေသည့်တိုင်….
ခိုင်မတ်စွာ… လမ်းလျှောက်… အောင်မြင်ခြင်းသို့ ရောက်တတ်စေရေး ...
အားမာန်တွေလည်း… ပေးခဲ့ပါသေးတယ်နော်……။
မေမေရေ..
ချစ်သမီးလေး.. ရည်ရွယ်တမ်းတ….
လက်ဆယ်ဖြာ ဦးစုံချလို့…. “ပြာသိုလပြည့် အမေနေ့”အမှီ…..
ကုသိုလ် ရည်မှတ်.. ဒါနမြတ်တို့.. ဦးခိုက် လှူဒါန်း..
ရည်မှန်း ကန်တော့လိုက်ရပါကြောင်း…
သည် နွေ မိုး ဆောင်း… အလီလီ ပြောင်းရွေ့ပါစေ….
ချစ်သမီးလေး.. မေ့မပစ်…
သိပ်ချစ်ရပါသော… မေမေ…
ကောင်းရာ မွန်ရာ ဘုံဘ၀မှာ.. ထာဝရ… ချမ်းမြေ့ ပျော်ရွှင်ရပါစေ....။
ထာဝရ "နွေဦးမေ"
★“ရင်ညှို့ရပ်ဝန်း”♪♫ (သို့မဟုတ်) ★“သျှတ္တရ၀သ အထူးသတင်း ကြေငြာချက်”♪♫
ရွာရန် ရာနှုန်း.. ၉၀ ရှိမည်...
သွေးရဲသူများ.. အသင့်ပြင်ထား...
“ချိုက်” ကပ်ကျေးများ.. ရောင်းရန်ရှိသည်..
ဦးသူ ၀ယ်ထား.. ဈေးမများပါ…။
သမုဒယ ပန်းခင်း...
အကြင်နာလေညင်း...
fb နယ်မြေသည်.. ကစားကွင်း မဟုတ်..
၁၂ အောက် ကလေးများ.. ၀င်မလာရ…
နယ်ကျွံပါက.. မြိုင်ရပ်နှင်မည်...။
တိုးတိုး တိတ်တိတ်...
ကြိတ်ကာ ငိုကြွေး...
မရှုံးရဲသေးဘူး.. ဆိုရင်ပေါ့...
လွမ်းရဲဖို့တော့.. လိုလိမ့်မည်…။
မနေ့တုန်းဆီက .. နေ သာတယ်...
ရင်ခွင်တစ်ရိုးမှာ… ပန်းတွေ ပွင့်လို့…
ဒီကနေ့တော့... သည်းသည်းရွာစွေ…
မိုးမည်းလေသော... သည် ကောင်းကင်…
ကံဆိုးမကို.. မမြင်ပါစေနှင့်…။
ပေါက်ပြဲနေတဲ့.. အိုဇုန်းလွှာ...
ပြန်ဖာနိုင်မလား.. မသေချာခဲ့..
ရင်ထဲမှာတော့...
လောင်မီးတစ်ရာ...
ပြာကျနေတာ.. နှလုံးသား အစစ်ပါ...။
အေးစိမ့်လွန်းသည့်...
ကျောက်စက်ရေ...
"ဗျတ်ဝိ" သေတာ... ဘယ်သူ့ ချစ်ခြင်းလဲ ….
အသက်နဲ့ လဲတဲ့.. သည် ကွမ်းတစ်ရာ...
"မအိုဇာ" သို့ …
ရင်ညှို့ရပ်ဝန်း…..။
ထာဝရ "နွေဦးမေ"
★“ အတုမဲ့ ”♪♫
မေမေ …
သားသိပ်ချစ်တယ် မေမေရယ်…
မေမေဟာ.. သားတို့ အတွက်တော့.. စံပြ မိခင်ကောင်း….
နှစ်တွေ အလီလီဟောင်းနွမ်းလို့.. သက္ကရာဇ်တွေ .. အကြိမ်ကြိမ် ပြောင်းရွေ့သွားပါစေ…
မေမေ့ မေတ္တာတွေကတော့.. ထာဝရ နုပျို လန်းဆန်းနေမှာကို..
သားလေး ယုံကြည် မြတ်နိုးပါတယ် မေမေ…။
မေမေ….
ဖေဖေ ရှိစဉ်.. ကာလတုန်းက..
ပန်းကလေး တစ်ပွင့်လို.. နုနယ်ခဲ့တဲ့.... မေမေ…
အခု ဖေဖေ မရှိတော့တဲ့ အချိန်မှာလည်း… စမ်းချောင်းကလေးလို.. အေးမြဆဲပါပဲ….။
မေမေ..
ဖေဖေ့ အရိပ်မှာ အပူပင်မဲ့စွာ နေခဲ့ရချိန်… ကတည်းက..
မျက်နှာတစ်ချက် အညှိုး မခံခဲ့ပေမဲ့… မေမေကလည်း.. ဖေဖေ့အပေါ်… မဆိုးခဲ့ဘူးနော်…
ဖေဖေ့ကို.. အားကိုး မှီတွယ်. ချစ်ခင်ခဲ့တဲ့ မေမေဟာ.. သားတို့ အပေါ်ကျတော့လည်း… ကြင်နာစွာ… အလိုလိုက်… ချစ်ခင်ပေးနိုင်လွန်းခဲ့ပါတယ်..
မေမေ..
မွန်ရည် လှတဲ့.. မေမေ့မျက်နှာ လပြည့်ဝန်းဟာ.. နူးညံ့မှုတွေ လွှမ်းခြုံနေခဲ့ပါတယ်….
ဂရုဏာမျက်ဝန်းတွေက… အကြင်နာ အရိပ်တွေ…. စိမ့်စီး ယိုကျ.. ပေးဝေနေတတ်ပါတယ်...…
မေမေ့ ရဲ့.. ဖူးစို ပြည့်ဝန်းတဲ့… ပန်းနုရောင်နှုတ်ခမ်းလေးတွေဟာ..
ညင်သာတဲ့ စကားလေးတွေနဲ့.. အသံမာမာတောင်.. မပြောတတ်ခဲ့ပေမယ့်….
တင်းမာ ပြတ်သားသူတွေမှာ ရှိတတ်တဲ့… နှုတ်ခမ်းပါးမျိုး.. မေမေ့မှာ ရှိမနေခဲ့ပေမယ့်လည်း…
မေမေရဲ့ နူးညံ့တဲ့.. နှုတ်ထွက်စကား တစ်ခွန်းဟာ.. သားတို့အတွက်.. အတည်ပြုချက်ပါပဲ မေမေ..
တက်ကြွရိပ်ကဲတဲ့.. ရဲရဲတောက်စကားတွေ.. မေမေ့ထံမှာ ကြားရလေ့ မရှိခဲ့ပေမယ့် …
ညှိုးလျ ငြီးငြူ စကားမျိုးလည်း..မေမေ ပြောလေ့ မရှိခဲ့ဘူးလေ..
ဘ၀ရဲ့ အပြင်းထန်ဆုံး ထိုးနှက်ချက်.. လောကဓံ ရဲ့.. ရိုက်ချက် ပြင်းပြင်းတွေ အောက်မှာ..
လူးလူးလှိမ့်လှိမ့်… ပြိုလဲကျမတတ်… ခံစား.. ရပ်တည်နေခဲ့ရပေမယ့်.. အားမပျက်ခဲ့တဲ့.. မေမေ…
သားတို့ ရှေ့မှာလည်း… တစ်ချက်ကလေးမှ.. အပြုံးမပျက်ခဲ့တာ….
မေမေ ငိုမှ ငိုတတ်ပါရဲ့လား….?
သားတို့ရဲ့… ချမ်းမြေ့သာယာတဲ့ မိသားစု ဘ၀ကလေးထဲကနေ.. ဖေဖေ တစ်ယောက် .. အသေချာ ခွဲထွက်သွားရတော့မယ် ဆိုတာကို… တစ်နှစ်ခွဲလောက်.. ကြိုသိခဲ့ရပေမဲ့.. မေမေ မျက်ရည် ကျတာကို.. သားတို့ မြင်ဖူးခွင့်.. မကြုံခဲ့ရ…။
မေမေ ဘယ်အားမာန်တွေနဲ့များ.. ကြံ့ကြံ့ ခံခဲ့ပါသလဲ မေမေရယ်…။
ပြုဖွယ် ကိစ္စ မှန်သမျှ…. မလစ်ဟင်းစေရ…။
ဆေးရုံဆေးခန်းတွေမှာ တစ်ပါတ်.. အိမ်ကလေးထဲမှာ.. တစ်ပါတ် နဲ့… လှည့်လည်ရင်း…. သေမင်းနဲ့ စစ်ခင်းနေခဲ့ရတဲ့.. ဖေဖေ့ အတွက်လည်း ၀တ္တရား မပျက်စေရ….။
ကျောင်းအတန်းကလေး အတန်အသင့်ရလာလို့… အလယ်တန်းကျောင်း ရောက်စ ပြုနေတဲ့.. သားတို့ နှစ်ယောက်အတွက်လည်း..
မလစ်ဟင်းစေရ…။
နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ကုမ္ပဏီကြီး တစ်ခုမှာ.. HR & Admin Manager ဆိုတဲ့.. ရာထူးကြီးကြီး တစ်ခုရဲ့…. လုပ်ငန်း တာဝန် မှန်သမျှကိုလည်း မပျက်ကွက်စေခဲ့ရ…။
သိမ်မွေ့ နူးညံ့လွန်းတဲ့.. မေမေ…
ဘယ်လိုတွေများ ရင်ဆိုင် ရုန်းကန်ခဲ့ပါသလဲ မေမေရယ်….။
မေမေ… ရေ… !
ဖေဖေ မဆုံးပါးခင်က.. ငယ်ရွယ်လွန်းသေးလို့…. ဘာမှ မသိတတ်ခဲ့သေးတဲ့ သားတို့…..။
မေမေ့ အပြုံးမျက်နှာလေးကို.. မြင်နေရတိုင်း… မေမေ့မှာ ပျော်ရွှင်နေခဲ့တယ်လို့.. သားတို့ ထင်မှတ်ခဲ့ဖူးပါတယ် မေမေ…။
ငြီးငြူ ငေါက်ငမ်းသံ.. တစ်ချက် မကြားရတိုင်း…. မေမေ့မှာ.. အရာရာ အဆင်ပြေနေခဲ့တယ်လို့.. သားတို့ ထင်မှတ်ခဲ့မိပါတယ်.. မေမေရယ်….။
အခုတော့…
သား… သိပါပြီ…. မေမေရယ်…။ သားကို .. ခွင့်လွှတ်ပါနော်….။
သားတို့ အတွက်.. တံတိုင်း တစ်ခုလို.. ကာရံထားပေးခဲ့တဲ့.... မေမေ့ ရဲ့.. အားမာန်တွေ…။
မေမေ စိတ်မပျက်စေရပါဘူး နော်…။
“မေမေ့ ဘ၀ အတွက် ဘာမှ မလိုပါဘူး..။ သား တို့ ဘ၀တော့ လှမှ ဖြစ်မယ်.. ပညာနဲ့ပဲ.. ဘ၀ရပ်တည်နိုင်မှ မေမေ စိတ်ချနိုင်မယ်နော်”.. ဆိုတဲ့ စကား… သားရဲ့… နားနဲ့ ကြားခဲ့ရပေမဲ့… သားရဲ့.. နှလုံးသားမှာ.. ထာဝရ သိမ်းဆည်းထားပါတယ် မေမေ…။
သိပ်.. မကြာတော့ဘူးလေ မေမေ..။ မကြာခင် ကာလ.. နောက် လေး.. ငါး .. ခြောက်နှစ်ဆို… သားတို့ အရွယ်ရောက် လူလားမြောက်ပါပြီ…။ ဆိုခဲသလောက် မြဲခဲ့တဲ့.. မေမေ့စကား နဲ့ ရည်ရွယ်ချက်တွေ အတိုင်း သားတို့ လူလားမြောက်အောင် ကြိုးစားပါ့မယ် မေမေ…။
မေမေ…
မေမေ့ ဘ၀အမောတွေလည်း … သိပ်မကြာခင်.. ကာလတစ်ခုမှာ... ပြေပျောက်စေရမှာပါ မေမေ…။ သားတို့ရဲ့.. တစ်ဖန်တစ်လှည့် တာဝန်ယူမှုတွေမှာ… မေမေ တစ်ယောက် အပန်း ပြေရခါ နီးပါပြီနော်…။
မကြာခင် ကာလမှာ.. မေမေ မွေးပေးခဲ့တဲ့… ဖ၀ါး လက်နှစ်လုံးလေးက စခဲ့တဲ့.. သားတို့ရဲ့.. သန်မာတဲ့…. ခြေထောက်တွေနဲ့..
ကမ္ဘာကို ပတ်မယ် မေမေ…။
မေမေ ပေးခဲ့တဲ့… ပခုံးနှစ်ဘက်ကနေ ဆင့်ပွားလာတဲ့ .. လက်နှစ်ဘက်နဲ့…. မေမေ တ,လိုက်မိတိုင်း… ရရှိနိုင်အောင်.. ဖန်ဆင်းပြီး… မေမေ့ဘ၀ကလေး… အေးချမ်းစေရပါ့မယ်….။
ဘ၀ အမောရဲ့.. သောက အပူလှိုင်းတွေကြားမှာ.. မငြီးငြူစတမ်း.. အားမာန်ထားခဲ့တဲ့.. မေမေရဲ့.. ကျေးဇူးတွေ… မကျေနိုင်မှန်း သိပေမဲ့လည်း… မေမေ ရင်ဝမ်း.. ငြိမ်းချမ်းစေရအောင်.. တစ်ပြန်တစ်လှည့်.. သား ပြန်ဆပ်ခွင့်.. ပြုလှည့်ပါနော်……။
ဒီသားလေးရဲ့… ချွေးစက်တွေနဲ့.. ရင်းနှီးလဲလှယ်လို့... မေမေ့ နှလုံးအိမ်က.. မျက်ရည်စက်တွေ.. ခန်းခြောက်ကာ… ဘ၀ကန္တာရထဲက.. အိုအေစစ်ကလေး တစ်ခုရဲ့.. ရပ်ဝန်းမှာ.. မေမေ ရောက်ရှိ.. ပျော်ရွှင်စေရပါ့မယ်လို့.. သားလေး ကတိပြုပါတယ် မေမေ…..
သားရဲ့… မေမေ.. ပျော်ရွှင်နိုင်ပါစေ…။
နှလုံး စိတ်ဝမ်း အေးချမ်းရပါစေ…..။
ချမ်းမြေ့ .. နှစ်ခြိုက်စွာ.. အိပ်စက် ပျော်ပါစေ.. သားတို့ ချစ်တဲ့ မေမေရယ်….။
(သားတစ်ယောက်၏ ဖွင့်ဟ ၀န်ခံချက်)
ထာဝရ "နွေဦးမေ"
★“ ပြတိုက်ထဲသို့ ”♪♫
ကြယ်တွေ စုံတဲ့.. ညလေး တစ်ည…
အပြာရောင် မိုးသားကောင်းကင် နောက်ခံက…
အရောင်လွင့် ပျက်ပြယ်သွားတတ်တဲ့ တိမ်တိုက်တွေလို…
မျှော်လင့်ခြင်း အိမ်မက်တစ်ချို့….။
ဘ၀ ကင်းဗတ်စပေါ်က…
ဆေးရောင်စုံ ခြယ်သထားတဲ့…
ခံစားချက် နိမိတ်ပုံ ပန်းချီကား တစ်ချပ်….
ငါ .. လွမ်းတတ်ပါတယ် ချစ်သူ…..။
သတိရလွန်း..
ရင်ညွှန်းသက်သေ…
လွမ်းမျက်ရည်စို့… မျက်ဝန်းညို့ရီ….
စိုလဲ့သီသော.. ရင်ခွင်တောရိုင်း…
လွမ်းမုန်တိုင်း ထန်… မင်းပြန်လာမှ…
လွမ်းပြေရမည်… ရင်ခွင်ဆီသို့….။
ကြွေလွင့်သွားမယ်… မထင်ခဲ့ဘူး..
ဒီ ဆောင်းဦးအမှီ… ပွင့်ဖူးလန်းဆန်း….
မြတ်နိုးမှု ပန်းတစ်ခင်းရဲ့... အသက်....
ရနံ့ပျက်ပြယ်… ကြေမွသွားခဲ့ရတာ….။
နင်ကလည်း.. နင်..
ငါကလည်း.. ငါ….
ဘယ်သူ့ ဘယ်သူမှ နစ်နာချက် မရှိကြေး….
အရာရာအတွက်… ကျေးဇူးကြွေး.… မှတ်ထားတယ်…။
ဘ၀ တစ်ကွေ့….
ပြန်တွေ့ကြလျှင်…
သံသယ မ၀င်.. အပြစ်မထင်…
အလျင် မြင်သူက… ပြုံးပြစတမ်း...
ဝမ်းနည်းတတ်သူ… အရှုံးယူမယ်…
ငါ လှူဖြစ်တဲ့.. ကျောက်ဆစ်ရုပ်အသည်း…
ပြတိုက်လေးထဲ.… သိမ်းပေးပါ……။
ထာဝရ "နွေဦးမေ""
★“မိုးခါးရပ်”♪♫
တမင် တိမ်းဖယ်.. သူ စိမ်းတယ်လို့..
ဆိုရက်ချင်ဘူး.. သံဇဉ်နွယ်ရယ် …
ရင်ဝယ်သီငင်.. နွယ်တစ်မျှင်ပါ….
မမြင်ကြာမို့.. ပစ်ခွာမုန်းမေ့…
နောင်မတွေ့ဘူး… သူ.. ရည်စူးတယ်...။
လေနှင်ပြေးခွာ.. ရင်ဝေးကွာခဲ့..
ကမ်းစပ်မဲ့သော.. လှိုင်းလွင့်မျောကာ…
အသည်းလွှာထိ… ဘ၀င်ငြိခွင့်..
အလွမ်းသင့်တတ်… မိုးခါးရပ်ဝန်း..
ကြောက်တတ်လွန်းသူ.. ရွှေရင်ဆူတယ်…။
ညဥ့်ယံလယ်မှ.. ဝေခွဲရခက်…
သူတိမ်းရက်ရာ.. စိမ်းသက်ဖြာသော…
သေငယ်ဇောလွှမ်း… ရင်တစ်ခြမ်းပဲ့…
သော်တာမဲ့ညို.. ညရိပ်ခိုလျှက်…
အိမ်မက်ပျက်ယွင်း.. အိပ်စက်ခြင်းပျောက်..
သောကရောက်သူ… ဆယ်နေပူခဲ့…
သည်းနွမ်းယဲ့နစ်.. မျက်ရည်မြစ်ဝယ်…
ကူကယ်ဆယ်မဲ့… ငါ.. နစ်ခဲ့တယ်…။
ထာဝရ "နွေဦးမေ"

★“လက်ကျန် မနက်ဖြန် တစ်ရက်”♪♫
ချစ်ခဲ့ရတဲ့ အိမ်မက်နဲ့.
ငိုခဲ့ရတဲ့ မျက်ရည်တွေ အတွက် ..
ရင်မှာ နောင်တ.. ရခဲ့ပါဘူး..
မင်း ထားရက်တဲ့.. တစ်ကမ္ဘာ...
ငါ နေရဲပါတယ် ချစ်သူ...။
ကြင်နာမယ် တစ်သက်လုံး ဆိုတာ..
ပုံပြောတမ်း ကစားခံခဲ့ရတယ် ဆိုလည်း...
ရင်ထဲမှာတော့.
အမှတ်တရ.. တစ်သက်စာ..
သိပ်လွမ်းနေမှာ.. နင်ယုံမယ်ဆို..
ငါ သေပျော်တယ်... ချစ်သူလေး...။
တစ်သက်ပဲ ဝေးဝေး...
ဆယ်သက်ပဲ ဆွေးဆွေး....
နင် ပေးခဲ့ဖူးတဲ့ အချစ်..
တစ်ကယ် စစ်တာလဲ. ငါယုံတယ်…
ငါ ပြန်ပေးမိတဲ့ အချစ်...
နောင်တတွေလဲ.. ဖြစ်စရာ မလို..
သိပ်ချစ်တယ်ဆိုတာ..
နင် ယုံသာရုံ.. ပြောခဲ့တာ... ဟုတ်ရပါဘူး ချစ်သူရယ်…။
ရင်ထဲ ကျွမ်းနစ်.... ငါ့ အချစ်တွေ..
သေသည်အထိ.. စွဲငြိခိုင်မာ...
တမလွန်တိုင်... ယူသွားတော့မယ်…
ဝဲလည်လာတဲ့.. မျက်ရည်ခန်းခြောက်...
ကျောက်ဖြစ် ရုပ်ကြွင်း.. ဖြစ်ချင် ဖြစ်စေ...
ငါ့ရင်တွင်းမှ.. နောက်ဆုံး အဖြစ်…
နောင်ဘ၀ထိ.. ချစ်နေမှာပါ… ချစ်သူ….။
ငါ... သေပစ်လဲ.. ထိုက်တန်ပါတယ်...
တစ်သက် ထာဝရ... ငါ မမေ့ဘူး...
ချစ်သူလေးရဲ့.. “တမ်းတမေ” မှ...
လွမ်းနေရရုံ... နေပျော်ပါသည်...
ငါ ပြန်ပါပြီ… ချစ်သူရယ်….
တစ်သက်စာတွက်… နှုတ်ဆက်ပါရဲ့...
ရှေ့ဆက်ရမည့် .. မနက်ဖြန် တစ်ရက်မှာ…
ဘာလုပ်ရမယ်… သိတော့ပါဘူး....။
★“ညဒဏ္ဍာရီ”♪♫
တစ်ဆောင်း သစ်ပြီ..
နှင်းမှုန်ရည်လဲ့..
မြူခိုးယဲ့ယဲ့.. ညှင်းသွဲ့လေပြည်..
ခင်နေ “ရတု”.....
အပြစ်ဟုထင်...
ကျေစေချင်ရဲ့... အလင်းမဲ့ည..
ကြေကွဲရသူ.. ဘ၀င်ဆူခိုက်..
ရင်ပူလှိုက်ဖြာ.. လကဗျာမြစ်..
ကန္တာဖြစ်သွား.....
မျက်ရည်မျှားတို့…..
အတားဆီးမဲ့.. ပြိုစီးခဲ့ရာ...
ရင်သည်းလွှာပျက်.. မှိုင်းညို့မျက်ဝန်း…
တိမ်လွှာဒါန်းစီး.. သည်ခရီးဝယ်..
သံဇဉ် တွယ်တုန်း.. မျက်ကွယ်ပုန်းလှစ်…
ယုံကြည်ရစ်ခွေ....
ဘ၀နွေကြော....
လျှောက်လေသောလမ်း.. ခယောင်းပန်းဝေ…
ရင်နွမ်းကြွေပျက်… သူ စိမ်းရက်လည်း..
မေ့နိုင်ခဲသူ… ရွှေရင်ဆူပွက်…
ရင်လှိုင်းပျက်ခဲ့....
ရက်စက်တဲ့ ည.. ဒဏ္ဍာရီ….။
ထာဝရ "နွေဦးမေ"


နှင်းမှုန်ရည်လဲ့..
မြူခိုးယဲ့ယဲ့.. ညှင်းသွဲ့လေပြည်..
ခင်နေ “ရတု”.....
အပြစ်ဟုထင်...
ကျေစေချင်ရဲ့... အလင်းမဲ့ည..
ကြေကွဲရသူ.. ဘ၀င်ဆူခိုက်..
ရင်ပူလှိုက်ဖြာ.. လကဗျာမြစ်..
ကန္တာဖြစ်သွား.....
မျက်ရည်မျှားတို့…..
အတားဆီးမဲ့.. ပြိုစီးခဲ့ရာ...
ရင်သည်းလွှာပျက်.. မှိုင်းညို့မျက်ဝန်း…
တိမ်လွှာဒါန်းစီး.. သည်ခရီးဝယ်..
သံဇဉ် တွယ်တုန်း.. မျက်ကွယ်ပုန်းလှစ်…
ယုံကြည်ရစ်ခွေ....
ဘ၀နွေကြော....
လျှောက်လေသောလမ်း.. ခယောင်းပန်းဝေ…
ရင်နွမ်းကြွေပျက်… သူ စိမ်းရက်လည်း..
မေ့နိုင်ခဲသူ… ရွှေရင်ဆူပွက်…
ရင်လှိုင်းပျက်ခဲ့....
ရက်စက်တဲ့ ည.. ဒဏ္ဍာရီ….။
ထာဝရ "နွေဦးမေ"


★“ရာဇ၀င်ရိုင်းတဲ့ သမိုင်း ”♪♫
လောကပါလ နတ်မင်းကြီးရေ...
ကြည့်နေတော်… မမူလိုက်ပါနဲ့…..
မတရားမှုတွေ… ရှိနေတဲ့ အခါ…
တရားဥပဒေဆိုတာ.. ဖြစ်လာတယ်…
တရားဥပဒေကရော… မတရားမှုတွေကို…
ပပျောက်စေပါ့မလား……။
"မြန်မာ" ဆိုတာ.."ထေရ၀ါဒ.. ဗုဒ္ဓဘာသာ"ကို…
ကိုးကွယ်တယ်…
သခင်ကို.. သခင်မှန်း… သိတတ်တယ်…
ထမင်းရှင်ကို.. ထမင်းရှင်မှန်း… နားလည်တယ်…
ခန္တီစ ပါရမီ.. ရင့်သန်တယ်… ဆိုတိုင်း….
အမျိုး ဘာသာ… သာသနာကိုတော့.. မစော်ကားနဲ့…။
လက်ခုပ်ထဲ… ရောက်နေတိုင်း…
မှောက်လို မှောက်.. လှန်လို လှန်….
လုပ်မယ်တော့.. မကြံစေချင်ဘူး….
ရေ လို.. အရောင် အဆင်း… အနံ့ အရသာ…
မရှိတာမှ.. မဟုတ်တာ…..
လူ ဖြစ်နေတဲ့ အခါ .. အသားထိရင်.. နာတတ်သေးတယ်….
"အလွန်" ရှိနေတာ…
တစ်ခါ မဟုတ်ဘူး.. နှစ်ခါ မဟုတ်ဘူး…
အပြန် တစ်ရာ သေတတ်ရအောင်….
အသိဥာဏ် နုံနဲ့တဲ့.. တိရိစ္ဆာန် ဘုံ.. မဟုတ်သေးဘူး….။
ဘာပဲ… ပြောပါစေ….
ငါတို့ မြေ.. ငါတို့ ရေ….. ငါတို့ သွေးတွေ…
"မြန်မာ"ဆိုတာ…
သွေး အရောင်က ရဲရဲ…
ဘယ်လောက်ပဲ ရိုးရိုး…. အမျိုးကိုတော့.. ချစ်တတ်တယ်…
ငါတို့ ဘာသာ.. သာသနာ…
"သံဃာ" ဆိုတာ. အထွဋ်အမြတ်…
"ခွပ်ဒေါင်း" အလှမှ.. မြတ်နိုးတတ်တာ.…
တစ်ခါ အသေသတ်ရုံနဲ့ ... အမြစ်ပြတ်သလား….
ကမ္ဘာကျေတောင်… မချေနိုင်တဲ့…
အရိုး တွန်ကြွေး…
ဘယ်သူ ရေးတဲ့.. သမိုင်းတွေလဲ…..
လောင်တိုက်ထဲမှာ.. သွင်းလိုက်ရုံနဲ့….
ဖြိုခွင်းနိုင်တယ်… ထင်ရင် မှားမယ်….။
ငါတို့ ရေမြေ.. ငါတို့ ချစ်တာ…
တရား မှန်လာ… နတ်စောင့်လိမ့်မယ်…
ငါတို့ လက်ထဲ.. လက်နက် ဆွဲဘူး…
ငါတို့ နေတာ.. ဇဗ္ဗူဒီပါ… လင်္ကျာတောင်ကျွန်း…
နိမိတ်ထွန်းတဲ့ အရပ်…. မှတ်မိတတ်စရာ မလိုပါဘူး…..
တရားကို နတ်စောင့်သတဲ့….
လိုချင်တဲ့ အရာမှာ.. မတရားတာ မပါခဲ့ဘူး..။
သမိုင်းက ထွန်းသော.. အရပ်.. ကိုယ့်မြေကို. ကိုယ်ချစ်တတ်ရုံ…..
ကိုယ်မှီခိုရာ.. အရိပ်တစ်ပင်ကို.. ခင်တွယ်ချင်ရုံ.. သက်သက်..
ဘယ်အကျိုးအတွက်မှ… မမျှော်ကိုးခဲ့….
လက်ညှိုးနဲ့ တောက်ဖို့ မလို… မင်းတို့.. သမိုင်းက ခြောက်တဲ့ အခါ…
ကိုယ် ပြန်သေမှာ… မကြောက်ပါနဲ့….
ရာဇ၀င်ကို… ရိုင်းအောင်ရေးခဲ့...
သမိုင်း မလှမှ… "အဘ" ခေါ်…
လွန်သော်မှ ရ… နှောင်းနောင်တကြောင့်…
စိုးနှောင့်ဗျာပွေ… ဆက်မနေသာ….
ခန္ဓာဝန်ထမ်း… လာလမ်းပြန်လှည့်… ၀န်ချခဲ့လော့ ….…။ ။
ထာဝရ "နွေဦးမေ"

★" မမုန်းရက်တဲ့ အချစ်"♪♫
မမုန်းရက်တဲ့ ချစ်သူရေ…
ငါတို့တွေ့စ… မေ့မရချင်..
ရင်ပင်လယ်မှာ... အလှဆုံး အပြုံး..
ဖုံးအုပ်ကာထား... နှလုံးသားကျွန်း..
ပီတိရွှန်းဝေ.. အချစ်တွေပြည့်..
သောကနွေကို… မေ့နေခဲ့ပါတယ် ချစ်သူ …။
တစ်ကယ် နှစ်ကယ်… သုံးလေးကယ်...
ငါ့ရင်ထဲမှာ… မင်း ရှိတယ်…
တစ်ချက် နှစ်ချက်… သုံးလေးချက်…
ရင်ခုန်သံတွေ… မင်းလေးအတွက်…
တစ်ရစ် နှစ်ရစ်… သုံးလေးရစ်…
ရင်မှာ တွယ်နစ်… မင်းအချစ်…
ဘယ်သူတွေ… ဘာပဲ ဖြစ်ဖြစ်…
မင်းအပြုံးလှစ်ရင်… ငါ ကျေနပ်တယ်…
တကယ်တော့လေ…
ငါ.. ပျော်လို့… ချစ်ခဲ့တာ မဟုတ်…
မင်းကို ချစ်ခွင့်ရလို့… ငါ ပျော်နေခဲ့တာပါ…
ချစ်ရင်း လွမ်း… လွမ်းရင်း ချစ်နဲ့…
အရမ်းကို… ချစ်နေခဲ့ရတာ…
နင့်ရဲ့… ငါပါ… ချစ်သူ …။
အပြုံးဝေဖြာ… အပျော်ပါဆင့်…
ရင်နင့်ခြင်းတေး… မရှိခဲ့သေးလေတော့..
ရင်ခုန်သံကလေးတွေ… သိပ်လှနေချိန်…
အပျော်တွေမဲ့... သေစေလောက်တဲ့ ဒဏ်ရာ…
ချစ်တာ သိပြီး… သစ္စာ မရှိရင်…
မေတ္တာဆိုတာ… အဝေးဆုံးမှာပါ…
အသည်းကွဲရုံနဲ့… မသေနိုင်ပေမဲ့…
မသေနိုင်ဘဲ… အသည်းကွဲနေတာ…
ပိုပြီး ခံစားရ … ခက်ပါတယ်…
နင့်ရင်ထဲ ရှိ မရှိ… မသေချာခဲ့တဲ့… ငါ့… အတွက်...
နင်ပေးခဲ့တာ…
အမုန်းတွေပဲလား… ချစ်သူ…။
တကယ်လို့များ…
အမုန်းရဲ့ တန်ပြန် သက်ရောက်မှုဟာ…
အချစ်ဖြစ်ခဲ့မယ်… ဆိုရင်တောင်…
အချစ်တစ်ခု ရဖို့… အတွက်နဲ့တော့…
ငါ.. မင်းကို… မမုန်းရက်နိုင်ပါဘူး…
နင့်အချစ်တွေ ရဖို့ … သေချာတယ် ဆိုရင်တောင်…
ငါ့အမုန်းတွေတော့… မပေးလိုက်နိုင်ဘူး…
ငါ့ထိုက်နဲ့ ငါ့ကံသာ … ရှိပါစေတော့… ချစ်သူရေ…။
မင်းချန်ခဲ့မှာ… ငါ သိမှတော့….
ငါ့ကမ္ဘာရဲ့… အနာဂတ်နေ့သစ်…
ငါမေ့ပစ်ဖို့… မဖြစ်နိုင်ပေမဲ့…
အချစ်ပြီးလျှင်… အမုန်းဆိုတာလည်း…
ငါ့နှလုံးသားမှာ… မထားရှိနိုင်လို့…
ငါ့ဘ၀ ဒီတစ်သက်… အလွမ်းတွေကို တွယ်ဖက်ရင်း…
နာကျင်လွမ်းမော… သောကတောမှာ…
တစ်ဘ၀လုံး… လျှောက်ရင်းမြောသော်…
ချစ်သူ ရယ်မော… ၀မ်းမြောက်စေ…………။
ထာဝရ “နွေဦးမေ”

ငါတို့တွေ့စ… မေ့မရချင်..
ရင်ပင်လယ်မှာ... အလှဆုံး အပြုံး..
ဖုံးအုပ်ကာထား... နှလုံးသားကျွန်း..
ပီတိရွှန်းဝေ.. အချစ်တွေပြည့်..
သောကနွေကို… မေ့နေခဲ့ပါတယ် ချစ်သူ …။
တစ်ကယ် နှစ်ကယ်… သုံးလေးကယ်...
ငါ့ရင်ထဲမှာ… မင်း ရှိတယ်…
တစ်ချက် နှစ်ချက်… သုံးလေးချက်…
ရင်ခုန်သံတွေ… မင်းလေးအတွက်…
တစ်ရစ် နှစ်ရစ်… သုံးလေးရစ်…
ရင်မှာ တွယ်နစ်… မင်းအချစ်…
ဘယ်သူတွေ… ဘာပဲ ဖြစ်ဖြစ်…
မင်းအပြုံးလှစ်ရင်… ငါ ကျေနပ်တယ်…
တကယ်တော့လေ…
ငါ.. ပျော်လို့… ချစ်ခဲ့တာ မဟုတ်…
မင်းကို ချစ်ခွင့်ရလို့… ငါ ပျော်နေခဲ့တာပါ…
ချစ်ရင်း လွမ်း… လွမ်းရင်း ချစ်နဲ့…
အရမ်းကို… ချစ်နေခဲ့ရတာ…
နင့်ရဲ့… ငါပါ… ချစ်သူ …။
အပြုံးဝေဖြာ… အပျော်ပါဆင့်…
ရင်နင့်ခြင်းတေး… မရှိခဲ့သေးလေတော့..
ရင်ခုန်သံကလေးတွေ… သိပ်လှနေချိန်…
အပျော်တွေမဲ့... သေစေလောက်တဲ့ ဒဏ်ရာ…
ချစ်တာ သိပြီး… သစ္စာ မရှိရင်…
မေတ္တာဆိုတာ… အဝေးဆုံးမှာပါ…
အသည်းကွဲရုံနဲ့… မသေနိုင်ပေမဲ့…
မသေနိုင်ဘဲ… အသည်းကွဲနေတာ…
ပိုပြီး ခံစားရ … ခက်ပါတယ်…
နင့်ရင်ထဲ ရှိ မရှိ… မသေချာခဲ့တဲ့… ငါ့… အတွက်...
နင်ပေးခဲ့တာ…
အမုန်းတွေပဲလား… ချစ်သူ…။
တကယ်လို့များ…
အမုန်းရဲ့ တန်ပြန် သက်ရောက်မှုဟာ…
အချစ်ဖြစ်ခဲ့မယ်… ဆိုရင်တောင်…
အချစ်တစ်ခု ရဖို့… အတွက်နဲ့တော့…
ငါ.. မင်းကို… မမုန်းရက်နိုင်ပါဘူး…
နင့်အချစ်တွေ ရဖို့ … သေချာတယ် ဆိုရင်တောင်…
ငါ့အမုန်းတွေတော့… မပေးလိုက်နိုင်ဘူး…
ငါ့ထိုက်နဲ့ ငါ့ကံသာ … ရှိပါစေတော့… ချစ်သူရေ…။
မင်းချန်ခဲ့မှာ… ငါ သိမှတော့….
ငါ့ကမ္ဘာရဲ့… အနာဂတ်နေ့သစ်…
ငါမေ့ပစ်ဖို့… မဖြစ်နိုင်ပေမဲ့…
အချစ်ပြီးလျှင်… အမုန်းဆိုတာလည်း…
ငါ့နှလုံးသားမှာ… မထားရှိနိုင်လို့…
ငါ့ဘ၀ ဒီတစ်သက်… အလွမ်းတွေကို တွယ်ဖက်ရင်း…
နာကျင်လွမ်းမော… သောကတောမှာ…
တစ်ဘ၀လုံး… လျှောက်ရင်းမြောသော်…
ချစ်သူ ရယ်မော… ၀မ်းမြောက်စေ…………။
ထာဝရ “နွေဦးမေ”

★"မုန်းထိုက်လို့"♪♫
အခါတစ်ရာမက..
ငါ ထာဝရ… ဆိုးခဲ့သမျှ..
အပြစ်မယူ… ကြည်ဖြူခဲ့တဲ့.. အချစ်ဆုံး နင်…
ခင်တွယ်ချင်စရာမဲ့.. နာကျင်စရာတွေ အပြည့်နဲ့…
ရက်စက်ခဲ့ အခါခါ.. မညှာတာတတ်တဲ့ငါ…
အချစ်ဆုံး နင့်အတွက်… အဆိုးဆုံး ချစ်သူပါ…။
နင့်.. နှလုံးသားလှလှလေးက…
ပေးစေထားတဲ့.. အကြင်နာတွေနဲ့…
ဖြန့်ဝေပေးထား.. မေတ္တာတရားအား …
အပိုင်စား ငါ… ရခဲ့ပါလည်း…
တန်ဘိုး မထား.. စိမ်း စကား ဆို…
အနိုင်လိုမှုတွေ.. ပြည့်နှက်နေခဲ့…
စိတ်မနာနိုင်တဲ့.. နင့် နှလုံးသား…
ငါ.. လက်ဖျားခါပါတယ်… ချစ်သူရယ်…။
နင့် ရင်ခွင်နဲ့.. မထိုက်တန်ပေ…
နာကျင်စေသူ.. ငါလို လူအား…
နင့်.. ဘေးနားထား.. ဘယ်လိုများ ပျော်တယ်…
ငါ.. နားမလည်ရဲ... ဆက်ချစ်နေလဲ …
နင့်..ရင်ထဲဝယ်.. စိုးရိမ် သောက..
ဗျာပါဒနှင့်.. ရင်မှာ သိမ်းဆည်း…
အပူမီးတွေ.. ရှုံးနိမ့်ရဝေ…
နင် ကျေကွဲမယ် .. ချစ်သူရေ…။
ကြီးမားလှတဲ့.. နင့် မေတ္တာမှန်…
ငါလို လူနဲ့.. မထိုက်တန်ကြောင်း…
ငဲ့စောင်းကာ.. နင် ပြန်မကြည့်နေနှင့်…
ထိုက်တန်လေသူ … နင် ရှာလိုက်ဦး…
အချစ်ဆုံးရေ…
စိတ်နာကာ.. မုန်းခဲ့ပါလေ…
(ငါ…) မုန်းထိုက်နေ…
အချစ်ဆုံးရေ… မုန်းခဲ့ပါတော့…….။
ထာဝရ "နွေဦးမေ"

ငါ ထာဝရ… ဆိုးခဲ့သမျှ..
အပြစ်မယူ… ကြည်ဖြူခဲ့တဲ့.. အချစ်ဆုံး နင်…
ခင်တွယ်ချင်စရာမဲ့.. နာကျင်စရာတွေ အပြည့်နဲ့…
ရက်စက်ခဲ့ အခါခါ.. မညှာတာတတ်တဲ့ငါ…
အချစ်ဆုံး နင့်အတွက်… အဆိုးဆုံး ချစ်သူပါ…။
နင့်.. နှလုံးသားလှလှလေးက…
ပေးစေထားတဲ့.. အကြင်နာတွေနဲ့…
ဖြန့်ဝေပေးထား.. မေတ္တာတရားအား …
အပိုင်စား ငါ… ရခဲ့ပါလည်း…
တန်ဘိုး မထား.. စိမ်း စကား ဆို…
အနိုင်လိုမှုတွေ.. ပြည့်နှက်နေခဲ့…
စိတ်မနာနိုင်တဲ့.. နင့် နှလုံးသား…
ငါ.. လက်ဖျားခါပါတယ်… ချစ်သူရယ်…။
နင့် ရင်ခွင်နဲ့.. မထိုက်တန်ပေ…
နာကျင်စေသူ.. ငါလို လူအား…
နင့်.. ဘေးနားထား.. ဘယ်လိုများ ပျော်တယ်…
ငါ.. နားမလည်ရဲ... ဆက်ချစ်နေလဲ …
နင့်..ရင်ထဲဝယ်.. စိုးရိမ် သောက..
ဗျာပါဒနှင့်.. ရင်မှာ သိမ်းဆည်း…
အပူမီးတွေ.. ရှုံးနိမ့်ရဝေ…
နင် ကျေကွဲမယ် .. ချစ်သူရေ…။
ကြီးမားလှတဲ့.. နင့် မေတ္တာမှန်…
ငါလို လူနဲ့.. မထိုက်တန်ကြောင်း…
ငဲ့စောင်းကာ.. နင် ပြန်မကြည့်နေနှင့်…
ထိုက်တန်လေသူ … နင် ရှာလိုက်ဦး…
အချစ်ဆုံးရေ…
စိတ်နာကာ.. မုန်းခဲ့ပါလေ…
(ငါ…) မုန်းထိုက်နေ…
အချစ်ဆုံးရေ… မုန်းခဲ့ပါတော့…….။
ထာဝရ "နွေဦးမေ"

★"ဇာနည်မရဲ့ မာန်" ♪♫
ဘာမထီ ဇာနည်ဘွား…
ငါ မိန်းမသား ဖြစ်ပေမဲ့..
တကယ် ဖြစ်ချင်… တစ်ကယ် လုပ်..အဟုတ် ဖြစ်ရမဟဲ့….။
တက်ကြွတဲ့.. စိတ်ကူး..
ရွယ်စူးတဲ့.. အားမာန်…
ငါလိုချင်တာ မှန်သမျှ .. ဖြစ်ကို ဖြစ်ရမယ်……။
ဖော့ဖယောင်းလို .. သွယ်ပျောင်းတဲ့ လက်…
လျှော့လို့ဖြင့်… မတွက်လေနဲ့…
ငါ့ မိသားစု ထမင်းအိုး.. ပြည့်တင်းစေရေး…
ကောက်ပင် ပျိုးတဲ့ လက်ကလေး.. ဖြစ်ခဲ့တယ်…။
ဆင်မယဉ်သာလို... လျှောက်လှမ်းဟန်နဲ့…
ငါ့ ခြေတန်.. နုနုလေး…
အထင်ဖြင့်… မသေးလေနဲ့…
မိုင်ထောင်ချီ အဝေး… အနီးလေး ရောက်...
ငါ့ခြေဖ၀ါးအောက်.. ပျောက်ရစေ့မယ်…။
ဦးခေါင်းပေါ်ပဲ… ရွက်ရွက်...
ပုခုံးမှာပဲ… ထမ်းထမ်း...
ငါ ရည်ရွယ်ရာ.. ပန်းတိုင်...
ငါ အရောက်.. လှမ်းနိုင်ရမယ်...
ငါ နေချင်ရာ နန်းတော်.. ငါပျော်ချင်ရာ ဘ၀…
ငါ့ စွမ်းအားနဲ့…. ပိုင်ရမယ်….။
လောကဓံဆိုတဲ့.. ကြမ္မာရိုင်း…
စိုင်းချင်သလို.. စိုင်းပါစေ...
ပန်းတွေ ဝေရင်.. ငါ ပျော်မွေ့သလို...
ဆူးခင်း တွေ့လည်း … ငါ နင်းရဲတယ် …
ပန်းဝေေ၀.. ဆူး ကြွေကြွေ...
ငါ ရင်ဆိုင်နေ.. အပြုံး မပျက်စတမ်း…
ရည်ရွယ်ရာလမ်း.. အရောက်ပေါ့…။
ဘာမထီ ဇာနည်ဘွား.. ငါ မိန်းမသား.. ဖြစ်ပေမဲ့..
ပန်းတွေ ဝေေ၀… ဆူးကြွေကြွေ....
ငါ… ဖြစ်ချင်နေ… တစ်ကယ်လုပ်… အဟုတ် ဖြစ်ရမည်…။
ထာဝရ "နွေဦးမေ"
(ကိုလေး....! မိန်းမသားအားမာန် ကဗျာလေး တစ်ပုဒ်... ရေးပါဆိုလို့... ကြိုးစားခဲ့ပေမဲ့...
သိပ် မရေးတတ်လှလေတော့... ကဗျာကလေးက...သိပ် မကောင်းလှတာ...
ဘာသာ သိနေလို့... ပို့မပေးဖြစ်ခဲ့တဲ့.. ကဗျာကလေးပါ...)

ငါ မိန်းမသား ဖြစ်ပေမဲ့..
တကယ် ဖြစ်ချင်… တစ်ကယ် လုပ်..အဟုတ် ဖြစ်ရမဟဲ့….။
တက်ကြွတဲ့.. စိတ်ကူး..
ရွယ်စူးတဲ့.. အားမာန်…
ငါလိုချင်တာ မှန်သမျှ .. ဖြစ်ကို ဖြစ်ရမယ်……။
ဖော့ဖယောင်းလို .. သွယ်ပျောင်းတဲ့ လက်…
လျှော့လို့ဖြင့်… မတွက်လေနဲ့…
ငါ့ မိသားစု ထမင်းအိုး.. ပြည့်တင်းစေရေး…
ကောက်ပင် ပျိုးတဲ့ လက်ကလေး.. ဖြစ်ခဲ့တယ်…။
ဆင်မယဉ်သာလို... လျှောက်လှမ်းဟန်နဲ့…
ငါ့ ခြေတန်.. နုနုလေး…
အထင်ဖြင့်… မသေးလေနဲ့…
မိုင်ထောင်ချီ အဝေး… အနီးလေး ရောက်...
ငါ့ခြေဖ၀ါးအောက်.. ပျောက်ရစေ့မယ်…။
ဦးခေါင်းပေါ်ပဲ… ရွက်ရွက်...
ပုခုံးမှာပဲ… ထမ်းထမ်း...
ငါ ရည်ရွယ်ရာ.. ပန်းတိုင်...
ငါ အရောက်.. လှမ်းနိုင်ရမယ်...
ငါ နေချင်ရာ နန်းတော်.. ငါပျော်ချင်ရာ ဘ၀…
ငါ့ စွမ်းအားနဲ့…. ပိုင်ရမယ်….။
လောကဓံဆိုတဲ့.. ကြမ္မာရိုင်း…
စိုင်းချင်သလို.. စိုင်းပါစေ...
ပန်းတွေ ဝေရင်.. ငါ ပျော်မွေ့သလို...
ဆူးခင်း တွေ့လည်း … ငါ နင်းရဲတယ် …
ပန်းဝေေ၀.. ဆူး ကြွေကြွေ...
ငါ ရင်ဆိုင်နေ.. အပြုံး မပျက်စတမ်း…
ရည်ရွယ်ရာလမ်း.. အရောက်ပေါ့…။
ဘာမထီ ဇာနည်ဘွား.. ငါ မိန်းမသား.. ဖြစ်ပေမဲ့..
ပန်းတွေ ဝေေ၀… ဆူးကြွေကြွေ....
ငါ… ဖြစ်ချင်နေ… တစ်ကယ်လုပ်… အဟုတ် ဖြစ်ရမည်…။
ထာဝရ "နွေဦးမေ"
(ကိုလေး....! မိန်းမသားအားမာန် ကဗျာလေး တစ်ပုဒ်... ရေးပါဆိုလို့... ကြိုးစားခဲ့ပေမဲ့...
သိပ် မရေးတတ်လှလေတော့... ကဗျာကလေးက...သိပ် မကောင်းလှတာ...
ဘာသာ သိနေလို့... ပို့မပေးဖြစ်ခဲ့တဲ့.. ကဗျာကလေးပါ...)

★“ မောင့်ရဲ့ ရုပ်သေးရုပ်ကလေး ”♪♫
ချစ်တဲ့မောင် ...
ဆုံဆည်းကာစ ကာလကတည်းက...
သိပ်ချစ်တတ်တဲ့… ကျမ ….
ရုပ်သေးရုပ်လေး… ဖြစ်ခဲ့ရတယ်ဆိုတာ….
မောင် အသိဆုံးပါမောင်…
ချစ်တဲ့မောင်ရဲ့… ရုပ်သေးရုပ် ကျမ…
မောင် ကြိုးဆွဲသလို.. ကခဲ့ပါတယ်...
မောင်ထားရာမှာ… နေ...
မောင် စေရာကို… သွားလို့ ...
မောင် ပျော်စေချင်… ကျမ ပြုံးကာ...
မောင် မဲ့စေချင်… ကျမ.. ငိုခဲ့ပါတယ်......။
ချစ်တဲ့မောင်…
သိပ်ချစ်နေတုန်းက.. ပြုံးစေချင်ခဲ့တာ…
ခုတော့… မေ့သွားပြီလား မောင်…
ဟို.. စဉ်တုန်းက.. အရိပ်လို လိုက်ပါ …
ခုတော့.. ဘယ်ဆီမှာလဲ…. မောင်…
မောင့်ကို... သိပ်ချစ်တတ်တဲ့ အပြစ်...
ရုပ်သေးရုပ်လေး.. ကျမမှာ.. ဖြစ်ခဲ့ပြီလားမောင်…..။
အတိတ်တုန်းက.. အရိပ်ကလေးလိုမောင်…
ခုတော့ ဘယ်မှာ.… ရှာရမှာလဲ…
သိပ်ချစ်လွန်းလို့.. ရင်ကွဲကျေပါစေ…
ကျမ နေတတ်ရမှာပါ မောင်…
ကမ္ဘေကမ္ဘာ အဝေး… မောင် ပြေးလို့လဲ…
လိုက်ရှာနိုင်တဲ့ အခြေ … ကျမမှာ… ရှိမနေခဲ့ပါလာtး မောင်ရယ်.....။
ကျမက..
ချစ်တဲ့ မောင်ရဲ့… ရုပ်သေးရုပ်ကလေးလေ…
မောင် ရွေ့စေချင်မှ.. ကျမ လှုပ်ရမှာ…
မောင် ပျော်စေချင်မှ .. ကျမ ပြုံးရမှာ...
မောင် မုန်းစေချင်မှတော့.. ကျမ မေ့ရတော့မှာလေ…..
မောင်ရေ…..
နောက်ဘ၀ဆိုတာ .. ရှိခဲ့မယ် ဆိုရင်တော့...
ရုပ်သေးရုပ်လေး ကျမ .. မဖြစ်လိုတော့ပါဟု ..…
ကျမ တောင့်တချင်မိပါတယ် .. မောင်...
မောင်.. ထာဝရ.. တမ်းတ မြတ်နိုးမဲ့..
ယမင်းရုပ်လေး... ဘ၀မျိုးသာ…
ကျမ… ရလိုပါတော့သည် မောင်…….။ ။
ထာဝရ "နွေဦးမေ"

ဆုံဆည်းကာစ ကာလကတည်းက...
သိပ်ချစ်တတ်တဲ့… ကျမ ….
ရုပ်သေးရုပ်လေး… ဖြစ်ခဲ့ရတယ်ဆိုတာ….
မောင် အသိဆုံးပါမောင်…
ချစ်တဲ့မောင်ရဲ့… ရုပ်သေးရုပ် ကျမ…
မောင် ကြိုးဆွဲသလို.. ကခဲ့ပါတယ်...
မောင်ထားရာမှာ… နေ...
မောင် စေရာကို… သွားလို့ ...
မောင် ပျော်စေချင်… ကျမ ပြုံးကာ...
မောင် မဲ့စေချင်… ကျမ.. ငိုခဲ့ပါတယ်......။
ချစ်တဲ့မောင်…
သိပ်ချစ်နေတုန်းက.. ပြုံးစေချင်ခဲ့တာ…
ခုတော့… မေ့သွားပြီလား မောင်…
ဟို.. စဉ်တုန်းက.. အရိပ်လို လိုက်ပါ …
ခုတော့.. ဘယ်ဆီမှာလဲ…. မောင်…
မောင့်ကို... သိပ်ချစ်တတ်တဲ့ အပြစ်...
ရုပ်သေးရုပ်လေး.. ကျမမှာ.. ဖြစ်ခဲ့ပြီလားမောင်…..။
အတိတ်တုန်းက.. အရိပ်ကလေးလိုမောင်…
ခုတော့ ဘယ်မှာ.… ရှာရမှာလဲ…
သိပ်ချစ်လွန်းလို့.. ရင်ကွဲကျေပါစေ…
ကျမ နေတတ်ရမှာပါ မောင်…
ကမ္ဘေကမ္ဘာ အဝေး… မောင် ပြေးလို့လဲ…
လိုက်ရှာနိုင်တဲ့ အခြေ … ကျမမှာ… ရှိမနေခဲ့ပါလာtး မောင်ရယ်.....။
ကျမက..
ချစ်တဲ့ မောင်ရဲ့… ရုပ်သေးရုပ်ကလေးလေ…
မောင် ရွေ့စေချင်မှ.. ကျမ လှုပ်ရမှာ…
မောင် ပျော်စေချင်မှ .. ကျမ ပြုံးရမှာ...
မောင် မုန်းစေချင်မှတော့.. ကျမ မေ့ရတော့မှာလေ…..
မောင်ရေ…..
နောက်ဘ၀ဆိုတာ .. ရှိခဲ့မယ် ဆိုရင်တော့...
ရုပ်သေးရုပ်လေး ကျမ .. မဖြစ်လိုတော့ပါဟု ..…
ကျမ တောင့်တချင်မိပါတယ် .. မောင်...
မောင်.. ထာဝရ.. တမ်းတ မြတ်နိုးမဲ့..
ယမင်းရုပ်လေး... ဘ၀မျိုးသာ…
ကျမ… ရလိုပါတော့သည် မောင်…….။ ။
ထာဝရ "နွေဦးမေ"

★" ဆောင်း မိုး ကြားမှာ.. ဖွားသော.. သားစနေ.. ရေခဲရေ "♪♫
ဆယ့် နှစ်.. ဆယ့်တစ်… တစ်ဆယ့်နှစ်….
လျှပ်စီး လက်ဆဲ… မိုးသည်း ညနေ …
လွန်လေခဲ့သော.. နှစ်နှစ်ဆယ်ကျော်…
ဆည်းဈာ တိမ်တောက်.. ညနေ ခြောက်နာရီ….
မှုန်ရီ အုံ့မှိုင်း.. ရှစ်ခွင်တိုင်း…
ဆောင်း ကို ရောက်ငြား… မိုးသည်းသည်း ကြား…
သားလှ ဖွားမြင်… မေမေ့ရင်…
ကြည်သာ ရွှင်ပြုံး.. အလှဆုံး…
တစ်လောကလုံးကို. မေ့ခဲ့သည်…။
မေမေ့ ရင်သွေး…
သားဦးလေး.. ရေ..
စနေခါမှာ…. ဖွားမြင်တာမို့..
ရှေးထုံး ရှေးလာ… မပယ်ဖျောက်သာ….
မွေးဖေ.. ဓါးထမ်း…. ကျော်ခဲ့ရှာသည်…။
သို့ပါသော်ငြား …
ဖေ မေ့ သား…
ယနေ့ ချိန်ခါ.. ကျရောက်လာသည်…
နှစ် နှစ်ဆယ်ကျော်…. မွေးနေ့တော်၌…
လူတော် လူချွန်.. လူရည်မွန်…
ကိုယ့် ၀န် ထမ်း ရင်း… လျှောက်လှမ်းနေ..
မွန်မြတ်လေစွ.. သည် သားလှ …
လောက အ၀ှမ်း…. သို့.. ကဗျာပန်း ဝေ… ရင်ငြိမ်းစေ…….။
မောင်ရေခဲ ရေ... မွေးနေ့တိုင်းမှာ.. ပျော်ရွှင် ချမ်းမြေ့ပါစေနော်...
ခင်တဲ့ မမ.. ထာဝရ "နွေဦးမေ"
လျှပ်စီး လက်ဆဲ… မိုးသည်း ညနေ …
လွန်လေခဲ့သော.. နှစ်နှစ်ဆယ်ကျော်…
ဆည်းဈာ တိမ်တောက်.. ညနေ ခြောက်နာရီ….
မှုန်ရီ အုံ့မှိုင်း.. ရှစ်ခွင်တိုင်း…
ဆောင်း ကို ရောက်ငြား… မိုးသည်းသည်း ကြား…
သားလှ ဖွားမြင်… မေမေ့ရင်…
ကြည်သာ ရွှင်ပြုံး.. အလှဆုံး…
တစ်လောကလုံးကို. မေ့ခဲ့သည်…။
မေမေ့ ရင်သွေး…
သားဦးလေး.. ရေ..
စနေခါမှာ…. ဖွားမြင်တာမို့..
ရှေးထုံး ရှေးလာ… မပယ်ဖျောက်သာ….
မွေးဖေ.. ဓါးထမ်း…. ကျော်ခဲ့ရှာသည်…။
သို့ပါသော်ငြား …
ဖေ မေ့ သား…
ယနေ့ ချိန်ခါ.. ကျရောက်လာသည်…
နှစ် နှစ်ဆယ်ကျော်…. မွေးနေ့တော်၌…
လူတော် လူချွန်.. လူရည်မွန်…
ကိုယ့် ၀န် ထမ်း ရင်း… လျှောက်လှမ်းနေ..
မွန်မြတ်လေစွ.. သည် သားလှ …
လောက အ၀ှမ်း…. သို့.. ကဗျာပန်း ဝေ… ရင်ငြိမ်းစေ…….။
မောင်ရေခဲ ရေ... မွေးနေ့တိုင်းမှာ.. ပျော်ရွှင် ချမ်းမြေ့ပါစေနော်...
ခင်တဲ့ မမ.. ထာဝရ "နွေဦးမေ"
"ရတုသစ်အတွက်..မွေးနေ့ဆု ကဗျာ"
ချစ်သူငယ်ချင်းလေး.. ရတုသစ် အတွက်..
ယနေ့ ကျရောက်သည့် မွေးနေ့ ကလေး အတွက်.
အမှတ်တရ အဖြစ်....
ရတုသစ်ရေ..
မွေးနေ့ ယခု... အစပြု၍....
ပျိုမြစ် နုနယ်..ငယ်ဘ၀တို့..
မွေးနေ့ ယခု... အစပြု၍....
ပျိုမြစ် နုနယ်..ငယ်ဘ၀တို့..
တစ်စစ လွန်မြောက်..လျှောက်သောလမ်းတိုင်း .
ပန်းတို့ ပွင့်မြိုင်..ရနံ့ ကြိုင်စေ...
မွေးမေ ပေးသော..သွေးနှင့် အသက်...
သံသရာ ဆက်ဆက်...လင်း လက် သားလှ...
မိဘ ကျေးဇူး.. အထူး တည်မှတ်...
ဆပ်ခွင့် ရသော..လောကုတ် လောကီ..
နှစ်လီ သံသရာ... ၀တ္တရား ကျေပြွန်....
လူချွန် ယောကျာင်္း... ဖြစ်ရစေ....
ဆပ်ခွင့် ရသော..လောကုတ် လောကီ..
နှစ်လီ သံသရာ... ၀တ္တရား ကျေပြွန်....
လူချွန် ယောကျာင်္း... ဖြစ်ရစေ....
ထာဝရ...နွေဦးမေ
★"မုသားသစ္စာ"♪♫
တစ်လောကလုံးမှာ….
ဘယ်သူဘယ်ဝါ…. ဘယ်လောက်ပဲ… ရိုင်းပါစေ….
ကိုယ်.. မပါဘူး နော်....။
မှန်လို နေဖို့… ကြိုးစားချင်ခဲ့လည်း…
ဒီမှန် တစ်ချပ် ရှေ့… ရောက်တဲ့အခါ... ပြုံးနေလှည့်ပါဦး….
ဘာကြောင့်လဲ ဆို....
ဒီမှန် တစ်ချပ် ကိုယ်တိုင်ကိုက... အပြုံးတွေပဲ ဆောင်တတ်လို့ပါ...။
စတင် ဆုံစဉ်.. ကာလ ကထဲက...
ရင်မှ… အရင်းအချာလေးလို... စိတ်ထဲ ထားတယ်....
မှန်လို ကျင့်ရင်း.. စိမ်းရောင် ပြမဲ့...
လူတွေ စာရင်းထဲ...ကိုယ် မပါပါရစေနဲ့ကွယ်....။
မုသားတွေကို ဆင်မြန်းပြီး...
ပျော်ပါးနေတဲ့ သူတွေထဲမှာ... ဒီလူ မပါဘူး .. မင်း ယုံပါ....
သံသရာ တစ်ဝက် တစ်ပျက်မှာ... ဆုံဆည်းခွင့် ရခဲ့တာ... ဖြစ်ပေမဲ့..
သံသရာ.. တစ်ဖက်တစ်ချက်အထိ...
တွယ်ငင်မဲ့.. သံယောဇဉ်မျိုး... ဒီရင်မှာ ပျိုးခဲ့ပါတယ်...။
မေတ္တာတရား မှာ...
အလျား အနံ မရှိတာ မှန်ပေမဲ့....
အသွား အပြန် ရှိထားတတ်တာ.... ထာဝရ သစ္စာပါ......
"ဆောင်းသစ္စာ" ဆိုတဲ့.. ကလောင်သွား တစ်ခုနဲ့..
ဘ၀ တစ်ခု... ရှင်သန် ထမြောက်လာခဲ့ သူ...
လူသား တစ်ယောက်.....
ဒီ လောကထဲမှာ.. ရှိနေတယ်.....။
ယုံချင် ယုံ ... မယုံချင်နေ...
ပုံပြင်မှတ်လဲ.. တတ်နိုင်ပါဘူး...
ဘ၀ ဥပေက္ခာ မြားဦးတို့ရဲ့.. ဒဏ်ကို.. အတိုင်း အဆ မဲ့ ..
ခံစားခဲ့ဖူးသော .... နှလုံးသား တစ်ခုဟာ...
မုသားသစ္စာ ကို.... သုံးခဲ့တယ် ဆိုရင်တောင်...
တစ်ဖက်သား နာဖျား ဖို့.... ရည်ရွယ်တာ မဟုတ်ဘူး.. ဆိုတာ...
နူးညံ့တဲ့ "ကဗျာ မြစ်ရှင်" တို့... ခံစားတတ်မယ် မျှော်လင့်ပါရစေ.....။
ဘ၀သေအောင်.. ခံစားခဲ့ဖူးတဲ့..
ကြမ္မာရိုင်းရဲ့.. စေညွှန်ရာ.. ကြေးကျွန်တစ်ယောက်မှာ....
အပျော်ဆိုတာ.. မရှိလောက်တော့သလို...
အခါလွန်… နှလုံးသား ပိုင်ရှင်တစ်ယောက်မှာ....
အတ္တအခြေခံ ချစ်ခြင်းတို့လည်း...
ကိုယ့်အတွက်ရယ်လို့... ဖြစ်ထွန်းစရာ အကြောင်း... မရှိလှတော့တာ.....
မင်းလေး မြင်မလား မျှော်လင့်ပါတယ်....။
ကျီးအာသီးကလေး... သိပ်လှနေပေးတာ....
အတွင်း ခံစားချက် ပုပ်သိုးနေလို့ပါ.....
အပြင်ကမ္ဘာ ခံစားချက် သိပ်ပျော်နေပေးခြင်းမှာ ....
အတွင်းရင်လွှာ.. ကြေမွနေတာ... အခြား လူ မမြင်ပါစေနဲ့... ရည်ရွယ်ရင်းပါ ...
ရင်ဘတ်ချင်း တူရင်... နားလည်နိုင်မယ်... မျှော်လင့်ပါတယ်….။
ဝေဒနာ ဆိုတာ.. ငိုချနေမှ… ဖြေသာတာ.. မဟုတ်ဘူး…
ကိုယ် ရူးရသလို.. ထပ်တူ.... အခြားသူတွေ...
မပဋာ.. မြေမှာ လူးကိန်း မကြုံကြရပါစေနဲ့.. ဆိုတဲ့...
စာနာ စေတနာ.... ရင်ထဲထားတယ်.....
ချစ်တတ်သူများ… ပျော်ကြပါစေ.......။
ထာဝရ.. "နွေဦးမေ"

ဘယ်သူဘယ်ဝါ…. ဘယ်လောက်ပဲ… ရိုင်းပါစေ….
ကိုယ်.. မပါဘူး နော်....။
မှန်လို နေဖို့… ကြိုးစားချင်ခဲ့လည်း…
ဒီမှန် တစ်ချပ် ရှေ့… ရောက်တဲ့အခါ... ပြုံးနေလှည့်ပါဦး….
ဘာကြောင့်လဲ ဆို....
ဒီမှန် တစ်ချပ် ကိုယ်တိုင်ကိုက... အပြုံးတွေပဲ ဆောင်တတ်လို့ပါ...။
စတင် ဆုံစဉ်.. ကာလ ကထဲက...
ရင်မှ… အရင်းအချာလေးလို... စိတ်ထဲ ထားတယ်....
မှန်လို ကျင့်ရင်း.. စိမ်းရောင် ပြမဲ့...
လူတွေ စာရင်းထဲ...ကိုယ် မပါပါရစေနဲ့ကွယ်....။
မုသားတွေကို ဆင်မြန်းပြီး...
ပျော်ပါးနေတဲ့ သူတွေထဲမှာ... ဒီလူ မပါဘူး .. မင်း ယုံပါ....
သံသရာ တစ်ဝက် တစ်ပျက်မှာ... ဆုံဆည်းခွင့် ရခဲ့တာ... ဖြစ်ပေမဲ့..
သံသရာ.. တစ်ဖက်တစ်ချက်အထိ...
တွယ်ငင်မဲ့.. သံယောဇဉ်မျိုး... ဒီရင်မှာ ပျိုးခဲ့ပါတယ်...။
မေတ္တာတရား မှာ...
အလျား အနံ မရှိတာ မှန်ပေမဲ့....
အသွား အပြန် ရှိထားတတ်တာ.... ထာဝရ သစ္စာပါ......
"ဆောင်းသစ္စာ" ဆိုတဲ့.. ကလောင်သွား တစ်ခုနဲ့..
ဘ၀ တစ်ခု... ရှင်သန် ထမြောက်လာခဲ့ သူ...
လူသား တစ်ယောက်.....
ဒီ လောကထဲမှာ.. ရှိနေတယ်.....။
ယုံချင် ယုံ ... မယုံချင်နေ...
ပုံပြင်မှတ်လဲ.. တတ်နိုင်ပါဘူး...
ဘ၀ ဥပေက္ခာ မြားဦးတို့ရဲ့.. ဒဏ်ကို.. အတိုင်း အဆ မဲ့ ..
ခံစားခဲ့ဖူးသော .... နှလုံးသား တစ်ခုဟာ...
မုသားသစ္စာ ကို.... သုံးခဲ့တယ် ဆိုရင်တောင်...
တစ်ဖက်သား နာဖျား ဖို့.... ရည်ရွယ်တာ မဟုတ်ဘူး.. ဆိုတာ...
နူးညံ့တဲ့ "ကဗျာ မြစ်ရှင်" တို့... ခံစားတတ်မယ် မျှော်လင့်ပါရစေ.....။
ဘ၀သေအောင်.. ခံစားခဲ့ဖူးတဲ့..
ကြမ္မာရိုင်းရဲ့.. စေညွှန်ရာ.. ကြေးကျွန်တစ်ယောက်မှာ....
အပျော်ဆိုတာ.. မရှိလောက်တော့သလို...
အခါလွန်… နှလုံးသား ပိုင်ရှင်တစ်ယောက်မှာ....
အတ္တအခြေခံ ချစ်ခြင်းတို့လည်း...
ကိုယ့်အတွက်ရယ်လို့... ဖြစ်ထွန်းစရာ အကြောင်း... မရှိလှတော့တာ.....
မင်းလေး မြင်မလား မျှော်လင့်ပါတယ်....။
ကျီးအာသီးကလေး... သိပ်လှနေပေးတာ....
အတွင်း ခံစားချက် ပုပ်သိုးနေလို့ပါ.....
အပြင်ကမ္ဘာ ခံစားချက် သိပ်ပျော်နေပေးခြင်းမှာ ....
အတွင်းရင်လွှာ.. ကြေမွနေတာ... အခြား လူ မမြင်ပါစေနဲ့... ရည်ရွယ်ရင်းပါ ...
ရင်ဘတ်ချင်း တူရင်... နားလည်နိုင်မယ်... မျှော်လင့်ပါတယ်….။
ဝေဒနာ ဆိုတာ.. ငိုချနေမှ… ဖြေသာတာ.. မဟုတ်ဘူး…
ကိုယ် ရူးရသလို.. ထပ်တူ.... အခြားသူတွေ...
မပဋာ.. မြေမှာ လူးကိန်း မကြုံကြရပါစေနဲ့.. ဆိုတဲ့...
စာနာ စေတနာ.... ရင်ထဲထားတယ်.....
ချစ်တတ်သူများ… ပျော်ကြပါစေ.......။
ထာဝရ.. "နွေဦးမေ"

★" နှလုံးသား အမြုတေ"♪♫
ကြယ်မစုံ ... လမထွက်ပေမဲ့..…
လင်းလက်နေခဲ့တဲ့… ညတစ်ညမှာ…
တိုးတိတ်တဲ့... ရင်ခုန်သံ တစ်စုံက …
ငါ့ရင်တွင်းကို... ချွတ်နင်းလို့... ၀င်ရောက်လာခဲ့တယ်…...။
ဒီ ရင်ခုန်ခြင်း …. သံဇဉ်တစ်ဖွဲ့ကို…..
ငါ့တစ်ယောက်ထဲ… ကြားနိုင်ခဲ့ပေမဲ့….
ခိုင်မာတဲ့… ယုံကြည်ခြင်းနဲ့ အတူ …
ငါ့ နှလုံးသားရဲ့… တွယ်ငြိမှု ”အမြုတေ” ဟာ…
ကျောက်သားစိုင်ထက်... ခိုင်မာခဲ့ပြီဆိုတာ…
သခင့်ညီလေး .… နားလည်တတ်ခဲ့ပါပြီ…...။
အချိန်တွေတိုင်း .. နေရာတိုင်းမှာ..
နာရီ စက္ကန့်နဲ့ အမျှ… ဖွေရှာရင်း မောခဲ့ရတာကို ….
ရှောင်ပုန်းနေတဲ့ “အမြုတေ” …
ကွယ်ရာမှာ ... ဂရုဏာသက်နေခဲ့တာကိုလည်း ..
သခင့် ညီလေး ... သိခဲ့ရပါပြီ…....။
ကမာကောင်ရဲ့… အမြုတေဟာ.. “ပုလဲ”တဲ့လေ .....
ပုလဲ တစ်လုံး ဖြစ်ဘို့အတွက် …
ကမာတစ်ကောင် ဘယ်လောက် ငိုခဲ့ရသလဲဆိုတာ…
အဲ့ဒီ… ပုလဲလုံးကလေးက လွဲလို့.…. ဘယ်သူ သိနိုင်မှာတဲ့လဲ….?
အကြင်နာသခင် ... ပြန်လာလိမ့်နိုးနဲ့ ….
ယုံကြည်ကိုးစားစွာ … ငိုခဲ့ရတဲ့…
ငါ့ ရင်တွင်းက… မျှော်လင့်ခြင်း မျက်ရည်တွေကိုရော…
ငါ့နှလုံးသားရဲ့.. “အမြုတေ”က လွဲလို့…..
ဘယ်သူကများ…. နားလည်ပေးနိုင်ဦးမှာတဲ့လဲ…....။
ညီလေးရဲ့… သံယောဇဉ် “အမြုတေ”…
လွမ်းရစ်စေခဲ့တဲ့.. ပြစ်ဒဏ်တွေ .. ပေးချေဖို့အတွက်….
သမုဒယ ပန်းတစ်ခင်း …. အကြင်နာ လေညင်း ….
လွမ်းချင်း .. ကဗျာ…. သံစဉ်တို့နဲ့ အတူ….
သခင် ထွန်းညှိမဲ့…. ချစ်ခင်ခြင်း အလင်းတိုင်..
သခင် ကိုယ်တိုင်... ကိုင်ဆောင်လို့..…
လရောင်ဆမ်းတဲ့ ... ဟင်းလင်းပွင့်တံခါးမှ တစ်ဆင့်…
ညီ့နှလုံးသားရဲ့... နန်းရင်ပြင်အတွင်း…..
မင်းမူ စေစား… တစ်ထောက်နားလို့ ..
“အမြုတေ” သခင် ……
အသင် လိုရာ ….. စေလှည့်ပါတော့….။
ထာဝရ... “နွေဦးမေ”

လင်းလက်နေခဲ့တဲ့… ညတစ်ညမှာ…
တိုးတိတ်တဲ့... ရင်ခုန်သံ တစ်စုံက …
ငါ့ရင်တွင်းကို... ချွတ်နင်းလို့... ၀င်ရောက်လာခဲ့တယ်…...။
ဒီ ရင်ခုန်ခြင်း …. သံဇဉ်တစ်ဖွဲ့ကို…..
ငါ့တစ်ယောက်ထဲ… ကြားနိုင်ခဲ့ပေမဲ့….
ခိုင်မာတဲ့… ယုံကြည်ခြင်းနဲ့ အတူ …
ငါ့ နှလုံးသားရဲ့… တွယ်ငြိမှု ”အမြုတေ” ဟာ…
ကျောက်သားစိုင်ထက်... ခိုင်မာခဲ့ပြီဆိုတာ…
သခင့်ညီလေး .… နားလည်တတ်ခဲ့ပါပြီ…...။
အချိန်တွေတိုင်း .. နေရာတိုင်းမှာ..
နာရီ စက္ကန့်နဲ့ အမျှ… ဖွေရှာရင်း မောခဲ့ရတာကို ….
ရှောင်ပုန်းနေတဲ့ “အမြုတေ” …
ကွယ်ရာမှာ ... ဂရုဏာသက်နေခဲ့တာကိုလည်း ..
သခင့် ညီလေး ... သိခဲ့ရပါပြီ…....။
ကမာကောင်ရဲ့… အမြုတေဟာ.. “ပုလဲ”တဲ့လေ .....
ပုလဲ တစ်လုံး ဖြစ်ဘို့အတွက် …
ကမာတစ်ကောင် ဘယ်လောက် ငိုခဲ့ရသလဲဆိုတာ…
အဲ့ဒီ… ပုလဲလုံးကလေးက လွဲလို့.…. ဘယ်သူ သိနိုင်မှာတဲ့လဲ….?
အကြင်နာသခင် ... ပြန်လာလိမ့်နိုးနဲ့ ….
ယုံကြည်ကိုးစားစွာ … ငိုခဲ့ရတဲ့…
ငါ့ ရင်တွင်းက… မျှော်လင့်ခြင်း မျက်ရည်တွေကိုရော…
ငါ့နှလုံးသားရဲ့.. “အမြုတေ”က လွဲလို့…..
ဘယ်သူကများ…. နားလည်ပေးနိုင်ဦးမှာတဲ့လဲ…....။
ညီလေးရဲ့… သံယောဇဉ် “အမြုတေ”…
လွမ်းရစ်စေခဲ့တဲ့.. ပြစ်ဒဏ်တွေ .. ပေးချေဖို့အတွက်….
သမုဒယ ပန်းတစ်ခင်း …. အကြင်နာ လေညင်း ….
လွမ်းချင်း .. ကဗျာ…. သံစဉ်တို့နဲ့ အတူ….
သခင် ထွန်းညှိမဲ့…. ချစ်ခင်ခြင်း အလင်းတိုင်..
သခင် ကိုယ်တိုင်... ကိုင်ဆောင်လို့..…
လရောင်ဆမ်းတဲ့ ... ဟင်းလင်းပွင့်တံခါးမှ တစ်ဆင့်…
ညီ့နှလုံးသားရဲ့... နန်းရင်ပြင်အတွင်း…..
မင်းမူ စေစား… တစ်ထောက်နားလို့ ..
“အမြုတေ” သခင် ……
အသင် လိုရာ ….. စေလှည့်ပါတော့….။
ထာဝရ... “နွေဦးမေ”

နှင်းဆီအလင်းကိုချဉ်းကပ်မယ်

Friends18.com Water Effect Scraps
★"ပင်လယ် မမှားပါ"♪♫
ပင်လယ်ရေ..
နင် မဟုတ်ဘူး… ငါ့ဘက်က မှားတာပါ…
အပြောကျယ်သလောက်.. မာယာများလှပေမဲ့..
ငါ နင့်ကို သိပ်ချစ်သွားခဲ့ပါတယ် ပင်လယ်ရယ်…။
မသောက်လိုက်ရဘဲ… မှောက်ကျသွားခဲ့တဲ့.. ကော်ဖီခါးခါးတစ်ခွက်….
အရောင်ပျက်ပြယ် နွမ်းဖျော့နေခဲ့တဲ့… သားရေ ခါးပတ်ဟောင်းကလေးတစ်ချောင်း….
တစ်ထောင်းထောင်းထအောင်.. ဖွာရှိုက်နေခဲ့တဲ့… စီးကရက် မီးခိုးငွေ့တွေ အကြား…
နင် ထားသွားခဲ့တဲ့.. အချိန်က စ… ကျောက်ဖြစ်သွားတဲ့ နှလုံးသားတစ်ခု…
သိပ်ချစ်တတ်ခဲ့မိတာ…. နင် မုန်းစရာ ကောင်းသွားမှန်း…
ငါ သိထားခဲ့တာလည်း… သိပ်မကြာသေးဘူး.. ပင်လယ်ရယ်…။
Laptop လေး နံဘေး… အမှတ်တရ ထားဖြစ်ခဲ့တဲ့ …
Memory stick ဖြူဖြူကလေးက… မချိပြုံးလေး… ပြုံးပြနေခဲ့တယ်….
“ဒီကောင်မလေး အတွက်” ဆိုတဲ့…. မြန်မာ Flash song တစ်ပုဒ်က…
အိမ်မက် ပျောက်.. ညတွေကို… ခြွေချနေခဲ့တယ်....
ငါ မငိုပါဘူး.. ပင်လယ်ရေ…..
ပါးပြင်ပေါ် ပေနေတဲ့.. .. မျက်ရည်စ တစ်ချို့က..
သူ့ အလိုလို ကျလာခိုက်… သုတ်ဖယ်ချိန် မရလိုက်တာပါ… ပင်လယ်ရယ်….။
ရေပြာပြာ လှိုင်းကြမ်းကြမ်းတွေလို.. အနားကပ်လာတဲ့.. နင့်ကို…
ခွဲခွာ ထွက်ပြေးမသွားရလေအောင်.. ဆွဲဆောာင်မထားနိုင်ခဲ့တဲ့.. သောင်ကမ်းစပ် ငါ….
နင့် အကြင်နာတွေ.. သိပ်ခါးတယ် ဆိုတာကို …
ဘယ်အရာမှ.. ပြင်ဆင်ချိန် မရလိုက်သည် အထိ…
အသိ… နောက်ကျခဲ့ခြင်းကတော့ ….
ငါ့ ဘ၀ရဲ့…. အကြီးဆုံး အမှားပေါ့…. ပင်လယ်ရယ်…။
သိပ်ချစ်မိလို့.. သိပ်လွမ်းခဲ့ရတဲ့... ပင်လယ် ရဲ့ ကမ်းစပ်...
ထာဝရ .. "နွေဦးမေ"

နင် မဟုတ်ဘူး… ငါ့ဘက်က မှားတာပါ…
အပြောကျယ်သလောက်.. မာယာများလှပေမဲ့..
ငါ နင့်ကို သိပ်ချစ်သွားခဲ့ပါတယ် ပင်လယ်ရယ်…။
မသောက်လိုက်ရဘဲ… မှောက်ကျသွားခဲ့တဲ့.. ကော်ဖီခါးခါးတစ်ခွက်….
အရောင်ပျက်ပြယ် နွမ်းဖျော့နေခဲ့တဲ့… သားရေ ခါးပတ်ဟောင်းကလေးတစ်ချောင်း….
တစ်ထောင်းထောင်းထအောင်.. ဖွာရှိုက်နေခဲ့တဲ့… စီးကရက် မီးခိုးငွေ့တွေ အကြား…
နင် ထားသွားခဲ့တဲ့.. အချိန်က စ… ကျောက်ဖြစ်သွားတဲ့ နှလုံးသားတစ်ခု…
သိပ်ချစ်တတ်ခဲ့မိတာ…. နင် မုန်းစရာ ကောင်းသွားမှန်း…
ငါ သိထားခဲ့တာလည်း… သိပ်မကြာသေးဘူး.. ပင်လယ်ရယ်…။
Laptop လေး နံဘေး… အမှတ်တရ ထားဖြစ်ခဲ့တဲ့ …
Memory stick ဖြူဖြူကလေးက… မချိပြုံးလေး… ပြုံးပြနေခဲ့တယ်….
“ဒီကောင်မလေး အတွက်” ဆိုတဲ့…. မြန်မာ Flash song တစ်ပုဒ်က…
အိမ်မက် ပျောက်.. ညတွေကို… ခြွေချနေခဲ့တယ်....
ငါ မငိုပါဘူး.. ပင်လယ်ရေ…..
ပါးပြင်ပေါ် ပေနေတဲ့.. .. မျက်ရည်စ တစ်ချို့က..
သူ့ အလိုလို ကျလာခိုက်… သုတ်ဖယ်ချိန် မရလိုက်တာပါ… ပင်လယ်ရယ်….။
ရေပြာပြာ လှိုင်းကြမ်းကြမ်းတွေလို.. အနားကပ်လာတဲ့.. နင့်ကို…
ခွဲခွာ ထွက်ပြေးမသွားရလေအောင်.. ဆွဲဆောာင်မထားနိုင်ခဲ့တဲ့.. သောင်ကမ်းစပ် ငါ….
နင့် အကြင်နာတွေ.. သိပ်ခါးတယ် ဆိုတာကို …
ဘယ်အရာမှ.. ပြင်ဆင်ချိန် မရလိုက်သည် အထိ…
အသိ… နောက်ကျခဲ့ခြင်းကတော့ ….
ငါ့ ဘ၀ရဲ့…. အကြီးဆုံး အမှားပေါ့…. ပင်လယ်ရယ်…။
သိပ်ချစ်မိလို့.. သိပ်လွမ်းခဲ့ရတဲ့... ပင်လယ် ရဲ့ ကမ်းစပ်...
ထာဝရ .. "နွေဦးမေ"

★“သောကလမ်းဆုံး"♪♫
ပင်လယ်ကြီးရေ..
ငါရောက်လာပြီလို့...
တိုးတိုးကလေး နှုတ်ဆက်လိုက်ပါတယ်....။
ကျယ်ပြန့်ခြင်း နက်ရှိုင်းခြင်း တို့နဲ့...
ရင့်ကျက် တည်ငြိမ်နေတဲ့.. ပင်လယ်ဟာ..
သက်ပြင်းမော မချတစ်ချနဲ့...
တစ်ရှဲရှဲ အသံပေးရင်း...
ဆားနံ့သင်းသင်း.. လေပြေတစ်ချို့နဲ့...
သူ့ရင်ငွေ့ပေး ဆီးကြိုခဲ့တယ်.....။
ဆုံးစ မထင်တဲ့ ပင်လယ်ပြာပြာ...
မဟာသမုဒ္ဒရာ၌ပင်.. အနားသတ် ကမ်းစပ် ရှိသတဲ့....
ပမာပြု ထပ်တူယှဉ်...
နှလုံးသားတွင်.. ငြိတွယ်ခဲ့သည့်..
မေတ္တာတရားတို့... ပြယုဂ်အဖြစ်..
အဆုံးသတ် မဲ့သော... လွမ်းဆွတ်ခြင်း....
ရင်တွင်း သောက... ဟူသမျှကို...
ပင်လယ်ပြင်ရေ.... ဆေးကြော နှစ်မြုပ်..
အရာရာကို.. သိမ်းဆည်း သိုဝှက်ရာ...
နင့် ရင်ခွင်အောက်မှာ... ဖုံးအုပ်ပေးပါ...
ပရိဒေ၀ မှန်သမျှ... မေ့ချင်တယ်.....။
ထာဝရ "နွေဦးမေ"

ငါရောက်လာပြီလို့...
တိုးတိုးကလေး နှုတ်ဆက်လိုက်ပါတယ်....။
ကျယ်ပြန့်ခြင်း နက်ရှိုင်းခြင်း တို့နဲ့...
ရင့်ကျက် တည်ငြိမ်နေတဲ့.. ပင်လယ်ဟာ..
သက်ပြင်းမော မချတစ်ချနဲ့...
တစ်ရှဲရှဲ အသံပေးရင်း...
ဆားနံ့သင်းသင်း.. လေပြေတစ်ချို့နဲ့...
သူ့ရင်ငွေ့ပေး ဆီးကြိုခဲ့တယ်.....။
ဆုံးစ မထင်တဲ့ ပင်လယ်ပြာပြာ...
မဟာသမုဒ္ဒရာ၌ပင်.. အနားသတ် ကမ်းစပ် ရှိသတဲ့....
ပမာပြု ထပ်တူယှဉ်...
နှလုံးသားတွင်.. ငြိတွယ်ခဲ့သည့်..
မေတ္တာတရားတို့... ပြယုဂ်အဖြစ်..
အဆုံးသတ် မဲ့သော... လွမ်းဆွတ်ခြင်း....
ရင်တွင်း သောက... ဟူသမျှကို...
ပင်လယ်ပြင်ရေ.... ဆေးကြော နှစ်မြုပ်..
အရာရာကို.. သိမ်းဆည်း သိုဝှက်ရာ...
နင့် ရင်ခွင်အောက်မှာ... ဖုံးအုပ်ပေးပါ...
ပရိဒေ၀ မှန်သမျှ... မေ့ချင်တယ်.....။
ထာဝရ "နွေဦးမေ"

★“ ဘ၀ ”♪♫
ပန်းခင်းကိုမြင်..
လေပြေဆင်တော့...
နေချင်စရာ... တစ်သက်တာ..။
ကြင်သူရွယ်စူး..
သက်ငုံဖူးရဲ့..
တွယ်ငြိခဲ့ရာ... တစ်သက်တာ...။
ပင်လယ်လိုရိုင်း..
ဆူးတွေဝိုင်းလည်း..
ဆက်လျှောက်ရမဲ့.. တစ်သက်တာ..။
ချစ်သူကလေး..
အဝေးမှာခွဲ...
ဆယ်နွေကဲသော... တစ်သက်တာ..။
ထာဝရ.. "နွေဦးမေ"

လေပြေဆင်တော့...
နေချင်စရာ... တစ်သက်တာ..။
ကြင်သူရွယ်စူး..
သက်ငုံဖူးရဲ့..
တွယ်ငြိခဲ့ရာ... တစ်သက်တာ...။
ပင်လယ်လိုရိုင်း..
ဆူးတွေဝိုင်းလည်း..
ဆက်လျှောက်ရမဲ့.. တစ်သက်တာ..။
ချစ်သူကလေး..
အဝေးမှာခွဲ...
ဆယ်နွေကဲသော... တစ်သက်တာ..။
ထာဝရ.. "နွေဦးမေ"

Subscribe to:
Posts (Atom)






